တော်လှန်ရေးအဖွဲ့ပေါင်းစုံက ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများနိုင်

အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းသို့ တော်လှန်ရေးအဖွဲ့ပေါင်းစုံက ရော့ကတ်၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုများနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်၏ အနောက် မြောက်တိုင်း စစ် ဌာန ချုပ် (နမခ) အတွင်းသို့ ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ် သား အများအပြားသေဆုံးနိုင်ကြောင်း စစ်ကိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက် ည ၇ နာရီအချိန်ခန့်က အနောက်မြောက်တိုင်းစစ် ဌာနချုပ် – နမခ အတွင်း သို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဌာနချုပ်အတွင်းရှိ ဗဟို ကင်းနေရာအပါအဝင် ပစ်မှတ်နေရာတော်တော်များများကို ကျရောက်ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီးများအပါအဝင် သေဆုံးသူအများအပြားရှိနိုင်ကြောင်း သိရသည်။

“အခုက တိတိကျကျ မသိရသေးဘူး။ အဖွဲ့တွေပေါင်းပြီးလုပ်တာတော်တော်များများပါတယ်။ သတင်း ထုတ်ပြန်ပေးမှာပါ။” ဟု တော်လှန်ရေးတပ်ဖွဲ့၏တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က YAK – 130 တိုက်လေယာဉ်ဖြင့် ၈ ကြိမ်တိုင်တိုင် ကင်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *