မောထစစ်တပ်စခန်းကို KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်သား အားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေး

ထားဝယ်မြို့နယ်၊ မောထစစ်တပ်စခန်းကို KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်သား အားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ မောထစစ်တပ်စခန်းကို KNLAနှင့် ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်စဉ် စစ်သား အားလုံး ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ယမန်နေ့ ဧပြီလ ၂၄ ရက် နေ့က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ် နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးမိုပွာအတွင်းရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ မောထ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ ၄ ၊ တပ် မဟာ ၆ စစ်သည်တော်များနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ် ကောင်စီတပ်သားများ အားလုံးထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားပြီး စခန်းသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စခန်းသည် ၁၉၉၇ ခုနှစ်ကတည်းက အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၁၉ တပ်ရင်းမှ တပ်သားများ လာရောက်အခြေချနေထိုင်ခဲ့သည့် တပ်ရင်းတစ်ခုဖြစ်ကြောင်း၊ ယခုအခါ အကြမ်းဖက် စစ်သား ၄၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ပြီး ယင်းစခန်းအကြမ်းဖက်စစ်တပ်စခန်းအတွင်းမှ လက်နက် ၃၄ လက်နှင့် ခဲယမ်းများအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“စခန်းမှာရှိတဲ့ စစ်သားတွေက ထွက်ပြေးသွားတော့ စခန်းကို အလွယ်တကူပဲ သိမ်းပိုက်ရရှိပါတယ်။ လက်နက်တွေပါ ထားပြီး ထွက်ပြေးကြတာ။ လက်နက် ၃၀ ကျော်၊ လက်နက်ကြီးကျည်တွေ အပါ အဝင် ခဲယမ်း တွေရပါတယ်။ စခန်းကိုတော့ အပြီး သတ်နယ်မြေရှင်းလင်းပြီးပါပြီ”ဟု ပြည်သူ့ကာ ကွယ် ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ သတင်းရင်းမြစ်ကပြောဆိုသည်။

အဆိုပါ မောထစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ပြီးနောက် စစ် တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top