နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့

အနောက်မြောက်တိုင်းစစ်ဌာနချုပ်- နမခတပ်အတွင်းသို့ ရော့ဂတ်၊ ဒရုန်းဗုံးတို့ဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦး အပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများဖြစ်ပေါ်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် – နမခ တပ်ရင်းအတွင်းသို့ ရှော့ တိုက်ဒုံး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ အရာရှိကြီး ၂ ဦးအပါအဝင် အမြောက်အများသေဆုံးခဲ့ကြောင်း ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဧပြီလ ၂၄ ရက်နေ့ ည ၇ နာရီအချိန်ခန့်က မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုင်းစစ်ဌာနချုပ်အတွင်းရှိ ဇေယျာသီရိခန်းမ၌ အကြမ်းဖက်စစ်တပ်မှ အရာရှိကြီးများ အစည်းအဝေးပြုလုပ် နေစဉ် ရှော့တိုက် ရော့ကတ် ထိမှန်ခဲ့ရာ တိုင်းအဆင့်အရာရှိကြီး ၂ ဦးအပါအဝင် အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဗဟိုကင်းကိုလည်း ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ပြီး ထပ်ဆင့်ပေါက်ကွဲကာ ဗိုလ်မှူးတစ်ဦး အပါအဝင် စစ်သားများ သေဆုံးပြီး ကတ္တရာလမ်းပေါ်တွင် အသားစများကို ဂေါပြားဖြင့် ကျုံးယူရသည်အထိ ပျံကျဲကာ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ တိုင်းရုံးကို ကင်းစောင့်ပေးနေသည့် ရဲ ၄ ဦးသည်လည်း ကတုတ် ကျင်းအတွင်း သေဆုံးသွားကြောင်း သိရသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်နေထိုင်ရာ အိမ်ရာဝင်းအတွင်းသို့ လည်း ရော့ကတ်များ၊ ဒရုန်းဗုံးသီးများ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း၊စစ်မြေပြင် ဆေးတပ်ရင်း – ဆမရ ၇ အရာရှိရိပ်သာ ထိမှန်ပေါက်ကွဲမှုတွင်လည်း အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

တိုင်းစစ်ဌာနချုပ်အတွင်းရှိ တပ်ဆေးရုံ တဆခွဲ /၃၀၀ အရာရှိရိပ်သာ၊ ထောက်ပံ့ပို့ဆောင်ရေးတပ် ၉၂၉ ရိက္ခာသိုလှောင်ရုံ၊ စရဖ(နခ) ရုံးအဆောက်အအုံနှင့် BE မိုင်းတပ်ဖွဲ့ရိပ်သာဆောင်တို့ကိုလည်း ထိမှန်ခဲ့ကာ အကြမ်းဖက်စစ်သားအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိမှုများရှိပြီး သံပြားကာ ကား များဖြင့် ဆေးရုံသို့ အသီးသီးသယ်ပို့ခဲ့ရကြောင်း သိရသည်။

အခုလို တိုက်ပွဲများဆက်လက်ဖော်ဆောင်နိုင်ဖို့အတွက် မိဘပြည်သူတွေရဲ့ အကူအညီများစွာ လို အပ် နေပါတယ်” ဟု ကျောက်လုံးကြီး KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အတွင်းနှင့် အမတ ၅၀၈ တပ်ရင်းက ဟောင်ဝှစ်ဇာ အမြောက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်ရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး သန်းထိုက်မှ အရေးပေါ် လေကြောင်းအကူခေါ်ခဲ့သဖြင့် ည ၉ နာရီအချိန်တွင် တံတားဦးလေတပ်စခန်း မှ Yak-130 Light Attack Fighter Jet ၁ စီးတက်လာကာ နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင်သို့ ၈ ကြိမ် လှည့်ပတ်ပျံသန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီး တပ်ဖွဲနှင့် အတူ Chindwin Rocket Brothers -(C.R.B) Dragon Brothers Task Force-DBTF၊ Advance- 47၊ Chindwin Brothers ၊ ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင် ရင်း ၁၃ စသည့်မဟာမိတ် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း လေကြောင်းရန် ကာ ကွယ်နိုင်ရေးအတွက် Nationwide Air Scout-NAS – လေကြောင်းကင်းထောက်အဖွဲ့က ကူညီ ပေးခဲ့ကြောင်း သိရသည်။

တိုက်ပွဲသတင်း ထုတ်ပြန်ကြေညာခြင်း

ရက်စွဲ။ ။25.4.2024

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် အနောက် မြောက်တိုင်း စစ် ဌာန ချုပ် (နမခ) အတွင်းသို့ ရော့ကတ် အလုံး ၂၀ ၊ ဒရုန်း ၅ စီးဖြင့် ဧပြီ ၂၄ရက် ည ၇နာရီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်
အတွင်းရှိ
-ဇေယျာသီရိခန်းမ အစည်းအဝေးပြုလုပ်
နေစဥ် ရှော့တိုက်ရော့ကတ် ထိမှန်ခဲ့ပြီး
တိုင်းအရာရှိအကြီး ၂ ကောင်အပါအဝင်
တိုင်းအရာရှိများ မွင်းခါးဖြစ်။

-ဗဟို ကင်း ရှော့တိုက်ရော့ကတ်
ထိမှန် ဆင့်ကွဲပွင့်ထွက်ပြီး ဗိုလ်မှူးအပါအဝင် တပ်စိတ် ၁ စိတ် ပေတရာမှာအသားစများဂေါ်ပြားဖြင့်ကျူံးယူခဲ့ရကာ မွင်းခါးဖြစ်။

-တိုင်းရုံးကင်းစောင့် ရဲခွေး ၄ ကောင် ကတုတ်ကျင်းထိပ် ထိမှန်ခဲ့ပြီး မွင်းခါးဖြစ်။

-စစ်တိုင်းမှူး သန်းထိုက်အိမ်ယာဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်ရှိ။

-စစ်မြေပြင် ဆေးတပ်ရင်း (မဆရ ၇) အရာရှိရိပ်သာ ထိမှန်ခဲ့ မွင်းခါးပွဲရေ များ။

-တပ်ဆေးရုံ တဆခွဲ (၄/၃၀၀) အရာရှိရိပ်သာ ထိမှန်ခဲ့ အတိုအပြတ် မွင်းခါးပွဲရေများ။

-ထပရ ၉၂၉ ရိက္ခာသိုလှောင်ရုံ
ထိမှန်ခဲ့။

-စရဖ(နခ) ရုံးအဆောက်အအုံ
ထိမှန်ခဲ့။

-BE မိုင်းတပ်ဖွဲ့ ရိပ်သာဆောင် ထိမှန်ခဲ့ပြီး ထိခိုက်မှုများရှိ။
၄/၃၀၀ နှင့် တပ်နယ်တွင်း သံပြာကာကားများဖြင့် တိုပြက် ပရီမွင်းခါး သယ်ပို့ အဝင်အထွက်များကြောင်း သိရသည်။

ထိုတိုက်ခိုက်မှု အပြီး နမခ နှင့် အမတ ၅၀၈ မှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့်ဘေးပတ်ဝန်းကျင်ပြည်သူ့ရွာများကို ရမ်းသမ်းပစ်ခတ်။
နမခ စစ်တိုင်းမှူး သန်းထိုက်မှ အရေးပေါ် လေကြောင်းအကူခေါ်ကာ ည ၉နာရီအချိန်တွင် တံတားဦးလေတပ်စခန်း မှ Yak-130 Light Attack Fighter Jet (၁)စီးတက်လာခဲ့ပြီး နမခ တပ်နယ်နှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းကျင် ၈ ပတ် ကင်း ပတ်ဝဲပေးတဲ့ အဆင့်ထိရောက်ရှိခဲ့သည်။

ယခုတိုက်ခိုက်မှုကိုနှယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊ ၂၂ ၊ ၂၃ KLG PDF – ကျောက်လုံးကြီးတပ်ဖွဲ့နှင့်အတူ Chindwin Rocket Brothers -(C.R.B)
Dragon Brothers Task Force-DBTF၊Advance-47၊ Chindwin Brothers, ချိုမိုင်မိုင် ကနီ၊ချိုမိုင်မိုင် ယင်းမာပင်၊မုံရွာခရိုင် ရင်း ၁၃ စသည့်မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်၊

လေကြောင်းရန်ကာကွယ်ပေးပါသော လေကြောင်းကင်းထောက်အဖွဲ့ Nationawide Air Scout-NAS ကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊


Comments

Leave a Reply

Your email address will not be published. Required fields are marked *