ဖာပွန်ရှိ ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉ တို့ကို တိုက် ခိုက် သိမ်းပိုက်

ဖာပွန်ရှိ ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉ တို့ကို တိုက် ခိုက် သိမ်းပိုက်ပြီး ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဟု NUG ကာကွယ်ရေးဝန်ကြီးဌာန ကြေညာ

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ခမရ ၄၃၄ တပ်ရင်း၊ရဲစခန်း၊ ကင်းစခန်းများ၊ ခလရ ၁၉ တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီး ဖာပွန်မြို့ကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင် ကြေ ညာသည်။

ဧပြီလ ၂၅ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၃၄ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ဖာပွန်စစ်ဆင်ရေးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့က စတင်ခဲ့ပြီး မတ်လ (၂၄) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရှိ အကြမ်း ဖက်စစ်ကောင်စီ၏ ရဲစခန်းနှင့်ကင်းစခန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ မတ်လ ၂၆ ရက်နေ့တွင် ဖာပွန်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း၊ မတ်လ ၃၀ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် ခလရ ၁၉ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက်အများ သိမ်းဆည်းနိုင် ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ဆင်ရေးများကို တောင်ပိုင်းစစ်ဒေသ(JOC) ကွပ်ကဲမှုဖြင့် ဖာပွန်စစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၊တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် ၂ စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက် ပွဲ ဝင်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် သည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top