စစ်အာဏာရှင်ပြိုလဲနိုင်ခြေအလားအလာရှိနေသည်ဟု နယူးယောက်ခ်တိုင်းမ်သတင်းစာ ရေးသား

မြန်မာစစ်တပ်ရှုံးပွဲထပ်နေအောင် လုပ်နိုင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုသည် စစ်အာဏာရှင် ပြိုလဲမယ့်အန္တရာယ်ဘက်ကိုဦးတည်သည့်အလားအလာဖြစ်ရှိနေတယ်လို့ အမေရိကနိုင်ငံမှာ သြဇာကြီးမားသည့် နယူးယောက်ခ်တိုင်းမ် The New York Times သတင်းစာကရေးပါတယ်။

တိုက်ပွဲပြင်းထန်သည့် ကရင်နီပြည်နယ်က မြေပြင်အခြေအနေကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့ ပြီး နယူးယောက်ခ်တိုင်းမ်သတင်းထောက်က ယခုလိုရေးသားခဲ့တာဖြစ်ပါတယ်။

အာဏာသိမ်းပြီးလပိုင်းတွင်မှာ အခက်ကြုံနေတဲ့မြန်မာပြည်သူတွေကို ကာကွယ်ပေးရန် ကြားဝင် ဆောင်ရွက်ပေးဖို့ မြန်မာပြည်သူတွေက ကမ္ဘာ့ကုလသမဂ္ဂ UN ကိုတောင်းဆိုလှုံ့ဆော်ခဲ့ပေမဲ့ ဘာအကူအညီမှမရခဲ့ပါတယ်။ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ကိုလည်း ဘယ်နိုင်ငံကမှ တရားဝင်အသိအမှတ်ပြုတာမရှိသေးဘူးလို့ဆိုပါတယ်။

နိုင်ငံတကာရဲ့အာရုံစိုက်မှုမရပေမဲ့ အလွှာအသီးသီးကမြန်မာပြည်သူတွေဟာ သူတို့ရဲ့အတတ်ပညာ၊ ကျွမ်းကျင်မှုတွေကို လက်နက်ကိုင်တော်လှန်ရေးအတွက်ပေးဆပ်ကူညီဖို့ လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းထိန်းချုပ်ရာဒေသတွင်မှာ အသီးသီးရောက်လာကြပါတယ်။

တိုင်းရင်းသားဒေသကိုရောက်လာတဲ့သူတွေမှာ ဆရာဝန်တွေ၊ ရှေ့နေတွေ၊ ရဲအရာရှိတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ လေယာဉ်မှူးတွေစသည့်အလွှာအသီးသီးကပြည်သူတွေပါဝင်တယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်သည် ယူကရိန်းနှင့် ဂါဇာစစ်ပွဲလို နိုင်ငံတကာရဲ့အာရုံစိုက်မှုမရသည့် အခြေအနေကိုလည်း နယူးယောက်ခ်တိုင်းမ်သတင်းထောက်က နှိုင်းယှဉ်ဖော်ပြပါတယ်။ ယူကရိန်းနှင့် ဂါဇာစစ်ပွဲလိုမဟုတ်ဘဲ မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့စစ်ပွဲတွေဟာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှု အနည်းအကျဉ်းသာရရှိတယ်လို့ဆိုပါတယ်။

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top