ရွှေဘိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်တပ်က တပ်စွဲထားသော နေရာများနှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Drop For Justice – DFJ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁၈ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ အထွက် မင်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှ ထွက်လာသော အင်အား ၅၀ ခန့်ပါ စစ်ကြောင်းသည် ချီပါမြောက်ရွာ တံတား အနီး နေရာယူ ဖြန့်ကျက်ထားစဉ် ရွှေဘိုခရိုင် (ပကဖ) ဒရုန်းတပ်ဖွဲ့ ဦးဆောင်ပြီး SHAR HTOO WAW နည်းပညာတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီး ၅ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂ဝ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားသော ရွှေဘိုမြို့တောင်ဘက် အထွက် မုဒ်‌ပေါက်ကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများသည် ချီပါကျေးရွာ၌ အထိုင်ချ တပ်စွဲထားစဉ် ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ် ခန့်တွင် ချီပါကျေးရွာ၌ အထိုင်ချ တပ်စွဲထားနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးသီး ၆ လုံး ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို SharHtooWaw နည်းပညာတပ်ဖွဲ့ Team 6 နှင့်အတူ မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ရွှေဘိုခရိုင်(ပကဖ)ဒရုန်းတပ်ဖွဲ့၊ YaungNi ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ YE-U Freedom Comrades (YFC) အဖွဲ့၊ ဝံပုလွေပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး) နှင့် ရွှေဘိုခရိုင် အမှတ် ( ၄ ) တပ်ရင်း တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“Mission သတင်းထုတ်ပြန်ခြင်း”
———————🔹———————-
စာအမှတ်။ ။(၀၈၊၂၀၂၄)
နေ့စွဲ။ ။ဧပြီလ၊၁၈ရက်၊၂၀၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့် အချိန်တွင် ရွှေဘိုမြို့အထွက်မင်းကုန်းကျေးရွာဘုန်းကြီးကျောင်းမှ ထွက်လာသော စစ်ခွေးအင်အား (၅၀) ဝန်းကျင်ခန့် အား ချီပါမြောက်ရွာ တံတား အနီး နေရာယူဖြန့်ကျက်ထားနေစဉ် ‌ရှေ့ကင်းထိုးရဲဘော်များ၏ သတင်းပေးပို့ချက်အရ ခွေးတည်ရှိရာ နေရာများအား ရွှေဘိုခရိုင်(ပ.က.ဖ) ဒရုန်းတပ်ဖွဲ့ ဦးဆောင် ပြီးကျွန်တော်တို့ SHAR HTOO WAW နည်းပညာတပ်ဖွဲ့မှ SHAR HTOO WAW နည်းပညာ တိုက်ခိုက်ရေး Drone များဖြင့် ဝေဟင်မှ ဗုံးသီး ၅ လုံးဗုံးကျဲတိုက်ခိုက်။

ထို့နောက် ဧပြီလ၊၂၀ရက်၊၂၀၂၄ ရက်နေ့ နေ့လယ် ၁နာရီ ၄၀ မိနစ်ခန့် အချိန်တွင် စစ်​​ကောင်စီတပ်သား များအထိုင်ချ ထားသော ရွှေဘိုမြို့တောင်ဘက်အထွက် မုဒ်‌ပေါက် ခွေးတည်ရှိရာ နေရာအား ဝေဟင်မှ ဗုံးသီး၂ လုံးဗုံးကျဲတိုက်ခိုက်။

တစ်ဆက်တည်းမှာပဲ ညနေ ၅နာရီ ၁၅ ခန့်အချိန်တွင်လည်း စစ်ခွေးအင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးလာသော စခစစ်ကြောင်းကို ချီပါကျေးရွာအား အထိုင်ချတပ်စွဲထားနေစဉ် ဝေဟင်မှ ဗုံးသီး ၃ လုံးဗုံးကျဲတိုက်ခိုက်။

ထပ်မံ၍ ဧပြီလ၊၂၂ရက်၊၂၀၂၄ရက်နေ့ နံနက်၁၁နာရီ ၂၀မိနစ် ခန့်အချိန်တွင်လည်း ချီပါကျေးရွာအား အထိုင်ချတပ်စွဲထားနေစဉ် ဝေဟင်မှ ဗုံးသီး ၆ လုံးဗုံးကျဲတိုက်ခိုက်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှုကို ကျွန်တော်တို့ SharHtooWawနည်းပညာတပ်ဖွဲ့ Team6 နှင့်အတူ
မတစ်ထောင်(တစ်ကောင်ဘွား) ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊
ရွှေဘိုခရိုင်(ပကဖ)ဒရုန်းတပ်ဖွဲ့၊
YaungNi ShweBo ပြည်သူ့ကာကွယ်ရေးအဖွဲ့၊
YE-U Freedom Comrades (YFC) အဖွဲ့၊
ဝံပုလွေပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရေဦး) နှင့်
ရွှေဘိုခရိုင် အမှတ် ( ၄ ) တပ်ရင်း
တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါသည်။

#အရေးတော်ပုံမုချအောင်ရမည်✊✊
#စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်💪💪


Comments

Leave a Reply

Your email address will not be published. Required fields are marked *