စစ်ကောင်စီ စစ်ဆေးရေးဂိတ်ထဲ လက်နက်ကြီးကျည် ကွက်တိကျ

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ထဲ လက်နက်ကြီးကျည် ကွက်တိကျလို့ ပြန်မပစ်နိုင်ဘဲ ၁၅ ယောက်ထက်မနည်း ခြေလက်ပြတ်ရှဒဏ်ရာရပြီး သေဆုံးနိုင်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အထွက်က စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က ၁၅ ယောက်ထက်မနည်း ခြေလက်ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း – People’s Defence Force – South Monywa တပ်ခွဲ(၁) က ထုတ်ပြန်ပါတယ်။

ဧပြီ ၂၆ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ ချောင်းဦးမြို့အထွက်က အကြမ်းဖက်စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ၆၀ မမ (၅) လုံး၊ ၈၀ မမ (၅) လုံး စတဲ့ လက်နက်ကြီးများနဲ့ တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးကျည်များက မြပုလဲဂိတ်အတွင်း တိတိကျကျ ရောက်ရှိပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီဘက်မှပြန်၍ပင် မပစ်နိုင်ဘဲ ခြေပြတ်လက်ပြတ် ဒဏ်ရာတွေရရှိပြီး သေဆုံးနိုင်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်

“စခ ၁၅ ကောင်ထက်မနည်းထိခိုက်ပြီး သေဆုံးနိုင်ပါတယ်ဗျ။ လောလောဆယ်တော့ သေစာရင်းသတင်းအတိအကျ စုံစမ်းမရပါဘူး။ ပစ်ခတ်ပြီးခဏကြာတော့ မြပုလဲဂိတ်ကနေပြီးတော့ထိခိုက်သေဆုံးတဲ့ကောင်တွေကို ကား၂စီးနဲ့မုံရွာမြို့ထဲတစ်စီး၊ ချောင်းဦးထဲတစ်စီးဝင်သွားတာ တွေ့ရပါတယ်” လို့ People’s Defence Force – South Monywa တပ်ခွဲ(၁)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်

အဲဒီတိုက်ခိုက်မှုကို PDF – South Monywa တပ်ခွဲ(၁) ၊ မုံရွာခရိုင်တပ်ရင်း (၂၇) တပ်ခွဲ (၃)၊ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ – People’s Defence Force – South Monywa တပ်ခွဲ(၁) မှ ထုတ်ပြန်သော တိုက်ပွဲပုံရိပ်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top