ကျေးဇူးတင်ပါတယ် နီပိန်းတွေ

တော်လှန်ရေးမှာ နီပိန်း အမတ်တွေ ခြေရှုပ်နေတယ် တဲ့ ။

ဒီစကားကို ကျနော်က အပြစ်မမြင်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်တဲ့ ပါတီပေါင်း ၉၇ ပါတီရှိတယ်။

ခု တော်လှန်ရေးမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ‌လောက်က လွဲလို့ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်နှယ်ယောက်ကများ ဒီတော်လှန်ရေးမှာ ပြည်သူနဲ့ အတူ ပါဝင်ဆောင်ရွက်တာ ရှိလဲ ?

နီပိန်း ပါတီက လူတွေပဲရှိလို့ နီပိန်း ပါတီက လူတွေရဲ့ ခြေ တွေပဲ မြင်ရတာပေါ့။

အမှန်တကယ်ဆို ပါတီပေါင်း ၉၇ ပါတီက ကိုယ်စားလှယ်တွေကိုလည်း ကျနော်တို့ ပြည်သူ့တော်လှန်ရေးထဲမှာ ပါလာစေ့ချင်တာပေါ့၊တစ်ယောက်မှ မပါလာဘူးလေ၊

မဲရွေးတဲ့ အခါကတော့ ပြည်သူ့အတွက်ပါ ပြည်သူ့အတွက်ပါ ဆိုပြီး ရွှန်းရွှန်းဝေအောင် ပြောနေတဲ့ လူတွေ၊ ခု ပြည်သူအရေးတော်ပုံကြီးလဲ စရော ဘယ်ပျောက်လို့ ပျောက်ကုန်မှန်း မသိတော့ပါဘူး။

နီပိန်း ပါတီက လူတွေပဲ ပါလာတာတွေ့ရပါတယ်။ ခု တော်လှန်ရေးဟာ နီပိန်း ပါတီအတွက် တော်လှန်နေတာ မဟုတ်ပါဘူး။တတိုင်းတပြည်လုံးအတွက် ပြည်သူ အားလုံးအတွက် တော်လှန်နေကြတာဖြစ်ပါတယ်။

ဒါကို နီပိန်း ကလူတွေရော ပြည်သူအားလုံးပါ သိထား လက်ခံထားကြပြီးသားပါ။

နီပိန်း ပါတီအတွက် တော်လှန်နေတာ မဟုတ်ဘူး ဆိုတာကို သိသိကြီးနဲ့ နီပိန်း ပါတီဟာ ပြည်သူ့အရေးသည် သူ့အရေး ဆိုထားသကဲ့သို့ ပြည်သူနဲ့ အေးအတူ ပူအမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေကြတဲ့ အတွက်ကြောင့် ပြည်သူနဲ့အတူ တသွေးထဲတသားထဲ ရပ်တည်ပြီး ပါဝင်နေကြတဲ့ အတွက်ကြောင့်

နီပိန်း ပါတီကို အရင်ကထက် ပိုလို့ ကျေးဇူးတင်ပါတယ်။ ” အရင်ကထက် ” လို့ဆိုတာက အရင်ကာလက ဟုတ်တာ မဟုတ်တာ အသာထား ရာထူး အာဏာဆိုတာ မျှော်လင့်လို့ ရနိုင်ပေမဲ့လို့ ခု တော်လှန်ရေးမှာတော့ ရာထူးအာဏာမပြောနဲ့ အခက်မသင့်ရင် အသက်ပါ ပေးဆပ်နိုင်ရတာကြောင့်ပါ။

အသက်ပေးဆပ်သွား‌သူတွေလည်းမြောက်များစွာ ရှိနေသည်အတွက်ကြောင့် နီပိန်း ပါတီကို အရင်ကထက် ကျေးဇူး ပိုတင်ပါတယ်လို့။


Comments

Leave a Reply

Your email address will not be published. Required fields are marked *