ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံး

စဉ့်ကူးမြို့ ဝါးပိုးချပ်ရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းမိ

စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းတစ်ခု ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဒုဗိုလ်မှုးကြီး အပါအ၀င် ၁၁ ဦးသေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု MDF PDF က သတင်းထုတ်ပြန် သည်။

ဧပြီ ၂၈ ရက် နံနက်တွင် အဆိုပါစစ်ကောင်စီ အထိုင်စခန်းအား အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု MDF PDF ကဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တတက(၁၃) အုပ်ချုပ်မှုဌာန ဌာနမှုး ဒုတိယဗိုလ်မှုးကြီး တင်ကို (တေဇ ၂၈) အပါအဝင် (၁၁)ဦး သေဆုံးခဲ့ပြီး ၁၅ ဦး လက်နက်ချအညံ့ခံခဲ့သည်။

စခန်းသိမ်းတိုက်ပွဲမှ လက်နက်ငယ် ၁၉ လက် ၊ ၆၀ မမ စိန်ပြောင်း တစ်လက် အပါအဝင် ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲတွင် PDF များထိခိုက်မှု မရှိခဲ့ကြောင်း MDY PDF က ထုတ်ပြန်သည်။

MDF PDF မှာ စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အခြားစခန်းငယ်တစ်ခုအားလည်း သိမ်းပိုက်ရရှိထားသည်။

စစ်ကောင်စီနှင့် MDF PDF တို့အကြား နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာ အနီးတစ်ဝိုက်တွင်လည်း နေ့စဉ်တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက် မှုများလည်း နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက်ရှိသည်ဟု MDY PDF က ဆိုသည်။

ပြင်ဦးလွင်မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် သရက်ကုန်းကျေးရွာ ကို ဧပြီ ၁၅ ရက်တွင် MDF PDF က သိမ်းယူနိုင်ခဲ့ပြီး အဆိုပါ စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *