အသိမ်းခံရတဲ့ ဆင်ဘိုစခန်း ဘယ်လောက်အရေးပါလဲ (ရုပ်/သံ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ဆင်ဘိုမြို့ ခလရ ၁၄၁ ဌာနချုပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဧပြီလ ၂၉ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ သိမ်းပိုက်ခဲ့တယ်လို့ KIA က အတည်ပြုပြောဆိုပါတယ်။

ဧပြီ ၂၆ ရက်နေ့ကစပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဆင်ဘိုမြို့နဲ့ ၃မိုင်ဝေးတဲ့ ခလရ ၁၄၁ ရဲ့ ကာကင်းစခန်းတွေကို စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့မှာ ကာကင်း ၃ ခုနဲ့ ဌာနချုပ်ကိုပါ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဗန်းမော်နဲ့ ဧရာဝတီ မြစ်ကြောင်းပေါ်က တာလောကြီးစခန်းအပြင် ဆင်ဘိုစခန်းကိုပါ KIA က သိမ်းလိုက်တဲ့အတွက် ကချင်တော်လှန်ရေးတပ်တွေအနေနဲ့ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို အတားအဆီးမရှိ အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ စစ်ရေးသုတေသီတွေက ဆိုပါတယ်။

ခလရ ၁၄၁ စခန်းကို မကျစေဖို့ စစ်ကောင်စီ ဘက်က လေကြောင်းကနေ Y12 လေယာဥ်၊ ဂျက်ဖိုက်တာတွေနဲ့ ဆက်တိုက်ပစ်ကူ ပေးခဲ့သလို မြေပြင်တပ်တွေဘက်က လက်နက်မချဘဲ အသေခံတိုက်နေတဲ့ကြားက စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *