ဦးပိုင်ကုမ္ပဏီထုတ် Keen Beer မသောက်ကြဖို့ JFM တိုက်တွန်း

မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က အသစ်ထုတ်လိုက်တဲ့ Keen Beer ကို မသောက်သုံးဘဲ သပိတ်မှောက်ဖို့ Justic for Myanmar (JFM) က ဧပြီလ ၃၀ ရက်နေ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။

အခုအသစ်ထုတ်လုပ်လိုက်တဲ့ Keen Beer ဟာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နဲ့ Super Six International Company Limited တို့ အကျိုးတူပူးပေါင်းပြီး ထုတ်လုပ်နေတာလို့ ဆိုပါတယ်။

မြန်မာဘီယာကို အဓိက ထုပ်လုပ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က လုပ်ငန်းခွဲအသစ်အနေနဲ့ Keen Beer ကို စျေးကွက်ထဲ မိတ်ဆက် ဖြန့်ချိလာတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်က အကြမ်းဖက်လုပ်ငန်းတွေကို ကျူးလွန်နေတဲ့အတွက် စစ်တပ်ပိုင် ကုန်ပစ္စည်းတွေဖြစ်တဲ့ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ Andaman Gold၊ Mandalay Beer၊ Black Shield စတဲ့ အမှတ်တံဆိပ်တွေနဲ့ တခြားစစ်တပ်ထုတ်ကုန်တွေကိုလည်း ပြည်သူတွေ ဝယ်ယူအားမပေးဘဲ သပိတ်မှောက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ထုတ် Keen Beer များအား တွေ့ရစဉ်။ (Photo: Citizen Journalist)


Comments

Leave a Reply

Your email address will not be published. Required fields are marked *