စစ်ကောင်စီခန့်ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကော့ကရိတ်အပြန်ယာဉ်တန်း တိုက်ခိုက်ခံရ

ဘားအံမှကော့ကရိတ်သို့ထွက်ခွာလာသည့်စစ်ကောင်စီခန့်ကရင်ပြည်နယ်ဝန်ကြီးချုပ်စောမြင့်ဦးအဖွဲ့လိုက်ပါသည့်ယာဉ်တန်းကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့တယ်လို့စစ်ဘက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့ထံမှသိရှိရပါတယ်။

“ယာဉ်တန်းက ကော့ကရိတ်ကနေလာပြီးအပြန်မှာ မြပတိုင်နဲ့ နောင်ထပ္ပံအနီးမှာ တိုက်ခိုက်ခံရတယ်။ ညနေ ၃ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ခဲ့တယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုတွင်မိုင်း၂လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပြင် အာပီဂျေ၊ ဖိုတီးအပါအဝင် လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးကြောင်းအဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။

မြဝတီမြို့ကို လုံခြုံရေးအပြည့်အဝနဲ့ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီက အာရှလမ်းတွင် စစ်ကူစစ်ကြောင်းများ ပို့ဆောင်လျှက်ရှိပါတယ်။

တက်လာသည့်စစ်ကြောင်းများ မြဝတီမြို့အထိမတိုးနိုင်အောင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်လျှက်ရှိပါတယ်။

ပုံ – အာရှလမ်းတွင်တက်လာသည့် စစ်ကောင်စီတပ်သားများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *