မုံရွာ၊ ဘုတလင်နဲ့ ရေဦး 💥 အက်ရှင် မိမိုက်

မုံရွာနှင့် ဘုတလင်မြို့နယ် အစပ် တန်ပိုဂိတ်အနီး ကင်းပတ်နေသော စစ်ကြောင်းကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်အစပ်၊ တန်ပိုဂိတ်အနီးတွင် ကင်းပတ်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

ယမန်နေ့ ဧပြီလ ၃၀ ရက် နေ့ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့နယ်စပ်ကြား တန်ပိုဂိတ်အနီး၌ ခြေ လျင် ကင်းပတ်နေသော အကြမ်းဖက်စစ်သားများကို ၈၀ မမ လက်နက်ကြီး ၇ လုံး၊ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့ ပစ်ခတ်ပြီး လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိကြောင်း၊ အော်ဟစ်ဆဲဆိုသံများလည်းကြားခဲ့ရကြောင်း သိရသည်။

“စစ်ခွေး ၂ ကောင် တန်ပိုဂိတ်အထိ မူးပြီးလာတယ်ဆိုလို့ လိုက်တာကနေ ပွဲဖြစ်တာ။ သူတို့က ဂိတ်နား က နဂါးမောက်ထဲနားက ဗြုတ်တောထဲမှာဆိုတော့ ဘယ်နှစ်ယောက်လောက်ရှိတယ်ဆိုတာ အတိ အကျ မသိရဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ပြီး စစ်တပ်ကလည်း RPG လက်နက် ကြီးဖြင့် ပြန်လည်ပစ်ခတ်သည့်အပြင် စက်လက်နက်များ၊ လက်နက်ငယ်များဖြင့်လည်း ပြန်လည် ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ် ပကဖအဖွဲ့ ၊ကနောင်အဖွဲ့နှင့် ဒေသကာကွယ်ရေးအဖွဲ့ ငယ်များ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေဦးမြို့အထွက် စစ်တပ်စစ်ဆေးရေးဂိတ်ကို ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးနိုင်ဟုဆို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့အထွက်ရှိ ဂါဝီစစ်ဆေးရေးဂိတ်ကို အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

ယနေ့ မေလ ၁ ရက် နံနက် ၇ နာရီခန့်အချိန် ရေဦးမြို့အထွက်၌ တပ်ကြပ်စိုးမိုးအောင်အပါအဝင် အ ကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဖြင့် ဆက်ကြေးကောက်နေသာ ဂါဝီဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့ဝင် ရဲဘော်များက ၄၀ မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရေဦးမြို့အထွက်ဂိတ်ပဲ၊ ဒီပဲယင်းဘက်ကို ထွက်တဲ့ဂိတ်ပေါ့၊ ဒီအတိုင်းပဲ လက်နက်ကြီးနဲ့ ပစ်ပြီး ပြန် ဆုတ်ခဲ့တာ။ သူတို့ဘက်က ပြန်ပစ်တာတော့ မရှိပေမယ့် ကင်းရှည်ထွက်လာတာမျိုးတော့ တွေ့ရ တယ်။ ၃ ကောင်ကတော့ သေသွားတဲ့သဘောမျိုးရှိတယ်၊ ဘောဒီတွေကို တိုင်းရင်းဆေးရုံထဲကို ဆိုင် ကယ်နဲ့ သယ်သွားတာ၊ ကျန်တဲ့ ၄ ယောက်လည်း တိုင်းရင်းဆေးရုံထဲမှာပဲဆေးကုသနေတယ်လို့ သိရတယ်။ ဒီတိုက်ခိုက်မှုကတော့ အလစ်အငိုက်ပြောက်ကျားဝင်တိုက်ခဲ့တာပါ” ဟု ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်များက မြို့ပေါ် စစ်ဆေးရေးဂိတ်၊ ရဲစခန်းနှင့် ဌာနဆိုင်ရာရုံးများတွင်သာ တပ်စွဲထားပြီး မြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများကို နယ်မြေစိုးမိုးမှုမရှိတော့ကြောင်း၊ တော်လှန်ရေးတပ်များက မြို့ပေါ်သို့ တက်၍ စစ်ကောင်စီတပ်များကို မကြာခဏဆိုသလို တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *