ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံဂိတ်မှ ရဲခုနစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံး၊ သေနတ် ၆လက် သိမ်းဆည်းရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး တိုက်ခိုက်ခံရ၍ သေဆုံးပြီး သေနတ် ၆လက် သိမ်းဆည်းခံလိုက်ရကြောင်း သတင်းရရှိသည်။

ယနေ့ (မေ ၂ ရက်) ညနေ ၃နာရီခန့်က ပခုက္ကူမြို့၊ပန်းတိုင်းခြုံဂိတ်မှ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးသည် ပန်းတိုင်းခြုံကျေးရွာဘက်သို့ ခြေလျင်သွားရောက်စဥ် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ခုနစ်ဦးလုံးသေဆုံးပြီး သေနက် ၆ လက်လည်း သိမ်းဆည်းခံလိုက် ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်စဥ်ကတော့ မှန်ပါတယ်။ ကျွန်တော်တို့အဖွဲ့လုပ်တာတော့မဟုတ်ဘူး။”ဟု ရေစကြို ပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ခိုက်ခံရမှုအတွင်း ရဲ ခုနစ်ဦးလုံးသေဆုံးပြီး လက်နက်များဆုံးရှုံးခဲ့ကြောင်းကို စစ်ကောင်စီ ၏ ဝါဒဖြန့် ချန်နယ်များက ဝန်ခံထားသည်။

အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။

အဆိုပါ ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကို ပြီးခဲ့သည့် နိုဝင်ဘာ၂၁ ရက်ကလည်း တော်လှန်ရေးရဲဘော်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးထိခိုက်သေဆုံးမှုရှိခဲ့သည်။

(တိုက်ခိုက်ခံရသောရဲများ သေဆုံးခဲ့ပြီးနောက် သိမ်းဆည်းရမိသောလက်နက်များအား တွေ့ရစဥ်။ ဓာတ်ပုံ-စကစ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *