သစ်ပုတ်တာဝါတိုင်အထိုင်စစ်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲမှု စစ်သား ၃ ဦးသေဆုံး

ပေါင်းတည်တွင် သစ်ပုတ်တာဝါတိုင်အထိုင်စစ်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲမှု စစ်သား ၃ ဦးသေဆုံး

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်းမှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

မေလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ၊ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှရေချိုးရန် ထွက်လာသောအကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို တာဝါတိုင်စခန်းသို့ ပြန်လည် သယ် းဆောင်သွားကြောင်း သိရှိရသည်။

စစ်သားများ မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ငယ်များဖြင့်ရမ်းသန်း ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေး ပစ်မှတ်များဖြစ်ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊ ထို့ကြောင့် စစ်တပ်က သတင်းပေးခြင်း၊ လမ်းပြခြင်းများမပြုလုပ်ရန်၊ စစ်တပ်ရှိနေသော နေရာများကို သတိထားရှောင်ကွင်းသွားလာကြပါရန် သတိပေးနှိုးဆော်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *