မြင်းခြံတွင် စစ်သားတစ်ဦး ကင်းထောက်ထွက်လာစဥ် ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာ၌ တပ်စွဲထားသော စစ်အုပ်စုမှ စစ်သားတစ်ဦး ကင်းထောက်ထွက်လာစဥ် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။

မေလ ၁၄ ရက်နေ့က မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာ၌ တပ်စွဲနေသော စစ်အုပ်စုမှ စစ်ကောင်စီတပ်သားတစ်ဦးသည် အရပ်ဝတ်ဖြင့်ထွက်လာစဥ် PDF များက ဖမ်းဆီးစစ်ဆေးခဲ့သည်။

သို့သော် ထိုတပ်သားက ပြန်လည်ခုခံ ထွက်ပြေးရန်ကြိုးစားခဲ့သောကြောင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း မြင်းခြံခရိုင်တပ်ရင်း(၈) Natogyi Regional Defence Force အဖွဲ့မှ ဒုရင်းမှူး ကိုလင်းလတ်က ပြောသည်။

“ကင်းထောက်တဲ့အနေနဲ့ထွက်လာတာ။သတင်းရလို့သွားဖမ်းတာ။ စစ်ဆေးတဲ့အချိန်မှာသူကပြန်လည်ခုခံထွက်ပြေးလို့ရှင်းလိုက်တာ။”ဟု ကိုလင်းလတ်ကဆိုသည်။

၎င်းတပ်သားသည် မိတ္ထီလာ ကပစ (၃ )မြောက်ဘက်ရှိထောက်ပို့တပ်မှဖြစ်ပြီး လက်နက်ပါမလာ၍ ​ကောက်ယူနိုင်ခြင်းမရှိကြောင်း မြင်းခြံခရိုင်တပ်ရင်း(၈)မှ ဒုရင်းမှူး ကိုလင်းလတ်က ပြောသည်။

ထိုတပ်သားအလောင်းအား စစ်တပ်က လာယူဆောင်ခြင်းမရှိ၍ PDF များက မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် မြင်းခြံနယ်ရှိ ဧရာဝတီမြစ်ရိုးတလျှောက်ရွာများအား စစ်ကြောင်းထိုးသတ်ဖြတ်နေပြီး မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့ကရွာရှည်ရွာကို နှစ်ရက်ဆက်တိုက် ဝင်ရောက်ပြီး ရွာလုံးကျွတ်မီးရှို့၍ အရပ်သားပြည်သူ ၅ ဦးအား သတ်ဖြတ်သွားခဲ့သည်။

(​သေဆုံးသွား​သော စစ်ကောင်စီတပ်သား။ ဓာတ်ပုံ-နွားထိုးကြီးသတင်းစုံ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *