အဓမ္မစစ်မှုထမ်းခိုင်းတဲ့ အစည်းအဝေးကို လာတက်တဲ့ အကြမ်းဖက်စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းကား မိုင်းဆွဲတိုက်ခိုက်ခံရ

အဓမ္မစစ်မှုထမ်းခိုင်းတဲ့ အစည်းအဝေးကို လာတက်ကြတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဟိုင်းဂျက် ကားလည်း နေရာမှာပဲ ပျက်စီးသွားတယ်လို့ ၁၀၀၃ တပ်ရင်း ၊ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော် ထံမှ သိရပါတယ်။

“အဲဒီမိုင်းဆွဲတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီဘက်က စခ (၄)ကောင် သေဆုံးခဲ့ပြီး ရဲမေ(၁)ယောက်အပါ စခ(၂)ကောင် ဒဏ်ရာရရှိခဲ့ပါသည်။HIJET ကား(၁)စီးမှာလည်း မိုင်းဆွဲသည့်နေရာတွင် မှောက်လျှက် ပျက်စီးသွားတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ရဲတွေပါဝင်တဲ့ HIJET ကား(၄)စီးက မေ ၁၄ မေ ၁၄ ရက်က ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာမှာ ပြုလုပ်မယ့် စစ်မှုမထမ်းမနေရ အစည်းအဝေးကို လာရောက်နေစဉ်အတွင်း နွားဘန်းကြီးကျေးရွာသို့ မရောက်ရှိမှီ နေရာတစ်ခုမှာ (၁၀၀၃)တပ်ရင်း ၊ ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ခွဲ(၂)က အခုလို တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

တိုက်ခိုက်မှုအပြီးမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အနီးအနားက တောင်သူတွေကို မဲပြီးရိုက်နှက်တာတွေပြုလုပ်ခဲ့သလို မိနစ်အနည်းငယ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် ဒဏ်ရာရ သူတွေကို အရင်တပ်စွဲထားတဲ့ ပွေးနဖားကျေးရွာမှာ ဆေးကုသမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်က အဓမ္မစစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ပြီးအချိန်မှာ ဓနုဒေသရှိ လူငယ်၊လူရွယ်တွေကို စစ်မှုထမ်းဖို့ခေါ်သွားတာ​တွေရှိခဲ့ပြီး ရပ်ကွက်နဲ့ကျေးရွာတွေမှာလည်း စစ်မှုထမ်းသူတွေကို ထောက်ပံ့ဖို့အတွက် တစ်အိမ်ထောင် (၃၀၀၀ဝိ/-) ကျပ် သုံးသောင်း တိတိကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်မှာ ရွာငံမြို့နယ်အတွင်းက မိဘပြည်သူတွေက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေရှိတဲ့ နေရာတွေရို သွားလာတာ၊ သတင်းပေးတာနဲ့ထောက်ပံ့မှုပေးတာမျိုးတွေ မပြုလုပ်ကြဖို့အတွက်လည်း ၁၀၀၃ တပ်ရင်း ၊ဓနုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေးအသိပေးထုတ်ပြန်ထားပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *