တနိုင်းမြို့နယ် နမ်ဗျူရွာရှိ စစ်ကောင်စီတပ်စခန်းကို KIAသိမ်းပိုက်

တနိုင်းမြို့နယ် နမ်ဗျူရွာရှိ စစ်ကောင်စီတပ်စခန်းကို KIAသိမ်းပိုက်

ကချင်ပြည်နယ် တနိုင်းမြို့နယ် နမ်ဗျူကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ မနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

အဆိုပါ တပ်စခန်းကို မေလ ၁၁ရက်က ထိုးစစ်ဆင်ခဲ့ရာ ၆ရက်မြောက်နေ့၌ စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

“နမ့်ဗျူရွာရှိ ခလရ(၂၉၇)နဲ့ (၂၆၀) ရှေ့တန်းတပ်စခန်းကို ဒီမနက် ၇နာရီခွဲမှာ အပြီးသတ် သိမ်းပိုက်ရရှိပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးထိခိုက် ၊ လက်နက်ခဲယမ်းရရှိမှု၊ အရှင်ဖမ်းဆီးရရှိမှု ရှိမရှိ အခြေအနေများ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KIA အနေဖြင့် မေလ ဒုတိယပတ်တွင် မိုးမောက်နှင့် မံစီ မြို့နယ်များအား အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ် ဆင်နွှဲလျက်ရှိရာ လက်ကျန် တပ်စခန်းများအား တိုက်ခိုက်လျက်ရှိသည်။

တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ့်ဗျူကျေးရွာ စစ်ကောင်စီတပ်စခန်းကြီးကို KIA ဦးဆောင်သော တော်လှန် ရေးတပ်များက ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် တနိုင်းမြို့နယ် နမ့်ဗျူ ရွာရှိ ခလရ ၂၉၇ နှင့် ခလရ ၂၆၀ ၏ ရှေ့တန်းစခန်းကြီးကို အပြီးသတ် သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း၊ မေလ ၁၁ ရက်နေ့ကတည်းက ယင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နားလိုက်၊ တိုက်လိုက် ပုံစံဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တပ်စခန်းကတော့ တပ်နှစ်ခုပေါင်းထားတဲ့ တပ်စခန်းကြီးလို့ပြောရမယ်။ လက်နက်တွေတော့အများကြီးရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ တိုက်လေယာဉ်နဲ့ ဗုံးလာကျဲသွားတယ်။ စစ်တပ်ဘက်က သေဆုံးမှု အခြေအနေ၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အတိအကျ မသိရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့မှစတင်ခဲ့သော KIA ၏ စစ်ဆင်ရေးများအတွင် စစ်ကောင်စီတပ်စခန်း ၉၀ ဝန်းကျင်ကို သိမ်းပိုက်ရရှိနေပြီဖြစ်သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *