ရန်ကုန်သို့ ဦးတည်ပြင်ဆင်နေသည့် အင်အားစုများနှင့်အတူ ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ခရမ်း PDF ပြော

ရန်ကုန်မြို့သို့ ဦးတည်ပြင်ဆင်နေသည့် တိုက်ခိုက်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းပြီး စည်းစနစ်ကျသော ဖွဲ့စည်းတည်ဆောက်ပုံ ၊ တိကျသော မူဝါဒစည်းမျည်းစည်းကမ်းများ ၊ ခိုင်မာသော ရည်မှန်း ချက်များဖြင့် စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ခရမ်း- PDF က ပြောကြားလိုက်သည်။

မေလ ၁၅ ရက်နေ့တွင် ကျရောက်ပြီး လွတ်မြောက်နယ်မြေတရာတွင် ကျင်းပခဲ့သော ခရမ်းမြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခရမ်း-PDF) တည်ထောင်ခြင်း သုံးနှစ်ပြည့်အခမ်းအနား ထုတ်ပြန်ချက်တွင် ခရမ်း PDF က ထိုသို့ အသိပေးပြောကြား ထားခြင်း ဖြစ်သည်။

လက်ရှိရန်ကုန်မြို့တွင် စစ်ကောင်စီတပ်ကို ဦးတည်သော ပြောက်ကျားတိုက်ခိုက်မှုများ ခပ်စိပ်စိပ််ဖြစ်ပွားနေပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် အပါအဝင် စစ်ကောင်စီအခြေစိုက်ရာ တပ်စခန်းများ၊ ဂိတ်များ၌ မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားနေသည်။

ရန်ကုန်တိုင်းအတွင်း ပြုလုပ်ခဲ့သည့် “ပျံလွှားအောင်” နှင့် “နန်းထိုက်အောင်” စစ်ဆင်ရေးတို့မှာ ပြည်သူလူထုကြား နာမည်ကြီးပြီး ထိုစစ်ဆင်ရေးများအတွင်း စစ်ကောင်စီ အရာရှိများကို ဦးတည်တိုက်ခိုက်နိုင်ခဲ့ကြောင်း NUG ဘက်က ပြောထားသည်။

စစ်ကောင်စီတပ်ကို စစ်နည်းဗျူဟာကျကျ တိုက်ခိုက်ရန်အတွက်ဟုဆိုကာ ရန်ကုန်တိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ပထမဆုံးသော အမှတ် (၅၁၀၁) တပ်ရင်းအား ပြီးခဲ့သည့်နှစ် ဇွန်လတွင် NUG က ဖွဲ့စည်းခဲ့သည်။

ယင်းနောက် NUG ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ (၅၁၀၁) တပ်ရင်းကို ယခုနှစ် ဇန်နဝါရီလ နှောင်းပိုင်းတွင် လက်နက်များ တပ်ဆင်ပေးခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *