နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြု

စစ်ကောင်စီက ပြည်ပအားကိုးဖြင့် နည်းပညာမြင့်ဒရုန်းများကို ပိုမိုအသုံးပြုလာနေ

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲတွေမှာ စစ်ကောင်စီက နည်းပညာမြင့် တိုက်ခိုက်ရေးဒရုန်းတွေကို ပိုမိုအသုံးပြုလာနေကာ လတ်တလော ရခိုင်စစ်မျက်နှာပြင်မှာ တရုတ်နိုင်ငံလုပ် ဒရုန်း ၃၀၀ ကို ပေးပို့ထားကြောင်းသိရပါတယ်။

တပ်တွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောဆိုချက်အရ စစ်ကောင်စီဟာ ဒရုန်းသင်တန်းတွေကို လေကြောင်းရန်ကာကွယ်ရေးတပ်တွေမှာ အခြေပြုပြီး ဖွင့်နေကာ ရုရှား၊ တရုတ်၊ အိန္ဒိယနိုင်ငံက ကျွမ်းကျင်သူတွေက စစ်ကောင်စီ အရာရှိ စစ်သည်တွေကို ဒရုန်းနဲ့ပတ်သက်တဲ့ သင်တန်းတွေ သင်ကြားပေးနေကြောင်းသိရပါတယ်။

စစ်ကောင်စီက တရုတ်လုပ်ဒရုန်းများကို မှာယူတင်သွင်းပြီး Drop ဗုံး တပ်ဆင်အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများလည်းပါဝင်ပြီး တချို့ဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများမဟုတ်ဘဲ ဘက်စုံသုံး ဒရုန်းများကို ပြန်လည် ပြုပြင်ကာ အသုံးပြုခြင်း ဖြစ် ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ စစ်ကောင်စီက တရုတ်နိုင်ငံထုတ် CH-4UAV ဒရုန်းတွေကို ဝယ်ယူခဲ့ပြီး မြဝတီတိုက်ပွဲမှာ စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ကော့ကရိတ်မြို့အနီး ဒေါနတောင်ခြေ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူအပြင် ဒရုန်းတွေကို ပိုအသုံးပြုလာတယ်လို့ စစ်မြေပြင်ရောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရုရှားကဝယ်ယူလာတဲ့ Orion-2 UAV ဒရုန်းတွေကိုတော့ စစ်ကောင်စီက စစ်ဆင်ရေးနယ်မြေတွေဆီ မေ ၉ ရက်က စတင်ဖြန့်ဝေခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကလည်း ဒရုန်းဖြင့် ကျဲချအသုံးပြုမယ့် ဗုံးများကို သီးသန့်ထုတ်လုပ်တဲ့ ယူနစ် ဖွဲ့စည်းပြီး ဗုံးများကို စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းများကို အများအပြား လုပ်ဆောင်နေကြောင်း သိရပါတယ်။

ယခင်က ဒရုန်းဗုံးအတွက် လက်နက်ကြီးကျည်များဖြစ်တဲ့ ၆၀ မမ၊ ၈၁ မမ တို့ကို ဗုံးအဖြစ် အသုံးပြုခဲ့ပေမယ့် ယခုအခါတွင်မူ ဒရုန်းဗုံးအတွက် ကပစ စက်ရုံများက ဒီဇိုင်းနဲ့ပုံစံကို စမ်းသပ် တီထွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းတိုက်ခိုက်မှုဒဏ်ကို အထိအခိုက်များစွာနဲ့ ခံစားခဲ့ရပြီးနောက်မှာ စစ်ကောင်စီဟာ သူ့ရဲ့ ဒရုန်းတပ်တွေကို နည်းပညာပိုင်း၊ ရုပ်ဝတ္ထုပိုင်း အားဖြည့်မှုတွေ လုပ်လာတာပါ။

ဒါ့အပြင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တပ်မ ၁၁ နဲ့ တပ်နယ်အသီးသီးကို ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေ ၁၃ ရက်နဲ့ ၁၄ ရက်မှာ ရုရှားနိုင်ငံထုတ် Jammer နဲ့ Drone Guard အပါအဝင် ကင်းထောက်ဒရုန်း အသေးစား၊ ဗုံးကြဲဒရုန်းတွေပါ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ပွင့်လင်းရာသီ စစ်မြေပြင်အတွက် စစ်ကောင်စီက ဒရုန်းတပ်တွေကို အားစိုက်ပြင်ဆင်မှုတွေ လုပ်နေကာ ဇွန်လအတွင်း ကစထမှူးတွေ၊ တိုင်းမှူးတွေကို ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်သွားမှာဖြစ်တယ်လို့ အသိပေး ပြောဆိုထားကြောင်း စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအကြောင်း သတင်းဖော်ပြနေတဲ့ Clash Report က မြန်မာနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်တပ်နှစ်ဖက်လုံးက FPV ဒရုန်းတွေကို စတင်အသုံးပြုနေပြီလို့ မေလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြုနေပြီး ကပစ စက်ရုံများက သီးခြားယူနစ် ဖွဲ့စည်းကာ ဒရုန်းဗုံးများကို အမြောက်အမြား သီးသန့် စတင်ထုတ်လုပ်နေ

ရခိုင်စစ်မြေပြင်တွင် တရုတ်လုပ်ဒရုန်း ၃၀၀ ဝန်းကျင် စစ်တပ်က အသုံးပြုနေ

မြန်မာနိုင်ငံတစ်ဝန်း တိုက်ပွဲများတွင် စစ်ကောင်စီက တရုတ်နိုင်ငံလုပ် ဒရုန်းရာချီ၍ ဝယ်ယူ အသုံးပြုနေပြီဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။

လတ်တလော ရခိုင်စစ်မျက်နှာပြင်တွင် တရုတ်နိုင်ငံလုပ် ဒရုန်း ၃၀၀ ကို ပေးပို့ထားပြီး ယင်းဒရုန်းများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှုများကို လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက တရုတ်လုပ်ဒရုန်းများကို မှာယူတင်သွင်းပြီး Drop ဗုံး တပ်ဆင်အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများလည်းပါဝင်ပြီး တချို့ဒရုန်းများမှာ စစ်ဘက်သုံးဒရုန်းများမဟုတ်ဘဲ ဘက်စုံသုံး ဒရုန်းများကို ပြန်လည် ပြုပြင်၍ အသုံးပြုခြင်း ဖြစ် ကြောင်း သိရှိရသည်။

“တရုတ်ဒရုန်း ၃၀၀ လောက်ကတော့ ရခိုင်စစ်မျက်နှာပြင်မှာ သုံးနေပြီ။ အခြားစစ်မျက်နှာပြင်တွေကိုလည်း တရုတ်ဒရုန်းတွေ ပို့နေပါတယ်။ ဒရုန်းအတွက် ပြင်ဆင်ချိန်ရော သင်ယူချိန်ရော ပြီးမြောက်ခဲ့ပြီလို့ ပြောရမယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ခံ ကာကွယ်ရေးပစ္စည်းစက်ရုံများကလည်း ဒရုန်းဖြင့် ကျဲချအသုံးပြုမည့် ဗုံးများကို သီးသန့်ထုတ်လုပ်သည့် ယူနစ် ဖွဲ့စည်းပြီး ဗုံးများကို စမ်းသပ်ခြင်း၊ ထုတ်လုပ်ခြင်းများကို အများအပြား လုပ်ဆောင်နေကြောင်း၊ ယခင်က ဒရုန်းဗုံးအတွက် လက်နက်ကြီးကျည်များဖြစ်သည့် ၆၀ မမ၊ ၈၁ မမ တို့ကို ဗုံးအဖြစ် အသုံးပြုခဲ့သော်လည်း ယခုအခါတွင်မူ ဒရုန်းဗုံးအတွက် ကပစ စက်ရုံများက ဒီဇိုင်းနှင့်ပုံစံကို စမ်းသပ် တီထွင် ထုတ်လုပ်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်က အသုံးပြုနေသည့် တရုတ်လုပ်ဒရုန်းနှင့်ကပစ ထုတ် ဒရုန်းဗုံးသီး မြင်ကွင်း။


Comments

Leave a Reply

Your email address will not be published. Required fields are marked *