😳 လျှပ်စစ်မီး ပျက်တာမဟုတ်ပဲ မလာတာသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားပြန်

“လူတိုင်းကဗျာ၊ ကျတော်တို့ နစက လက်ထက်ရောက်မှ ပျက်စီးကုန်တာတွေကိုပဲ ထောက်ပြကြတယ်။ ဒါပေမယ့် တကယ်ဖွံဖြိုးတိုးတက်လာတဲ့ဟာတွေ အများကြီးရှိတာလာကြ ဘာတခုမှ မပြောကြဘူး” ဟု့ အရင်ဆုံး ပြောပါတယ်။

“ဥပမာ လျှပ်စစ်မီး၊ အရင် ဒေါ်အောင်ဆန်းစုကြည်လက်လက် ၂၄နာရီ မီးလာတယ်ဆိုတာက နိူင်ငံတော်ကနေ အရူံးခံ လုပ်ပေးနေခဲ့ရလို့ လာတာ။ အခု နစကလက်ထက် မလာတော့ဘူးဆိုတာက နိုင်ငံတော်က အရူံး ဆက်မခံနိုင်တော့လို့။ နောက်ပြီးတော့ကျ PDF တွေ ဖျက်စီးလို့။ ဒါပေမယ် မီးမပျက်အောင်တော့ နစက ဥက္ကဌကြီးကိုယ်တိုင် ဦးဆောင်ပြီး စီမံပေးခဲ့တယ်။ ဒါကြောင့် ဒီကနေ့ ကြည့်လိုက်၊ မြန်မာနိုင်ငံမှာ မီး လုံးဝကို မပျက်တော့ဘူး၊ မီး မလာတာပဲ ရှိတော့တယ်”

“အဲဒါကြောင့် ပြည်သူတွေအနေနဲ့ “မီးပျက်တယ်” ဆိုတဲ့ စကားကို ဆက် မသုံးစွဲကြဖို့နဲ့ အဲဒီအစား “မီး မလာဘူး”လို့ သာ ပြောဆို သုံးနုန်းကြဖို့ အထူး မှာကြားချင်တယ်” ဟု့ ဆိုပါတယ်။

“နောက်ဆုံးအနေနဲ့ ပြောချင်တာက လျှပ်စစ်မီးရယ်မှ မဟုတ်ဘူး၊ ရွှေစျေး ဒေါ်လာစျေး ကုန်စျေးနုန်း စတဲ့ဟာတွေကိုလဲ ခင်ဗျားတို့ ကြည့် ကြည့်လိုက်၊ ဘယ်ခေတ် ဘယ်ကာလနဲ့မှ မတူအောင် မြှင့်တင်ထားပါတယ်။ ဒါဟာ နစက ဥက္ကဌကြီးရဲ့ အမျှော်အမြင်နဲ့ အရည်အချင်းကြောင့်လို့ ဂုဏ်ယူပြီး ပြောရမှာဖြစ်တယ်၊ ခင်ဗျားတို့ ဂုဏ်ယူကြ” ဟု့ပြောကာ ဖုန်းချသွားတယ်။

ကိုင်း ဂုဏ်ယူလိုက်ကြရအောင်. 😁

ချစ်ကိုကြီး

Leave a Comment