ကျောက်ထပ်၊ ဇီးတော ၊သဲတော ရွာတွေဘက်ကနေစကစ စစ်ကြောင်း ၃ကြောင်း ဖြန့်ခွဲပြီး ဒေသခံစခန်း တစ်ခုကို ချေမှုန်းဖို့ ရောက်လာကြတယ်။
(တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၇ နဲ့ ၂၅၉ ဖြစ်ပြီး အင်အား ၃၀၀ ခန့် ယနေ့ နံနက် ၇ နာရီ ကျော်ခန့်က )
စကစ စစ်ကြောင်းဟာ သတင်းအတိအကျ ရထားတဲ့ အနေအထားနဲ့ မိုင်းကွင်းကိုပါ ဖြတ်တော့ မိုင်းဆွဲလို့ မရခဲ့ပေမဲ့ ဒေသခံစခန်းကလည်း အမြဲအသင့် အနေ အထား ရှိနေတော့ အမြန်ဆုတ်နိုင်တယ်။ခံစစ်ကနေ တိုက်စစ် အဖြစ်ပြန်ပြောင်းနိုင်ခဲ့တယ်။
စကစရဲ့ ရှေ့ ပြေးတပ်စုကို Battle ဆိုင်ပြီး အကုန်ဖြုတ်ပစ်လိုက်နိုင်တယ်။
၉ယောက် တစ်ခါတည်းမှောက်ပြီး ၉ လက် တစ်ခါတည်းရတယ်။
စခန်းကိုစွန့်ပြီး စကစဆီကရထားတဲ့ 60 mm နဲ့ ကိုယ့်စခန်းကိုပြန်ပစ်တယ်။
နှစ်လုံးတည်း ပစ်တာ ၂၀ ကျော် မတ်စိဘဲ။ အရှုံး၊အမြတ်အနေနဲ့ကတော့ စခ ၃၀ကျော် မတ်စိနဲ့ ၉လောင်း ၉လက် ရလိုက်တယ်။ဒေသခံစခန်းတော့ ပျက်စီးသွားတယ်။
စခ တစ်သိုက် နောက်ပြန်ဆုတ်သွားရတယ်။ အဖွဲ့ နာမည်တော့ ပြောလို့မရသေးဘူးဗျ။
ကဲ … အားပေးလိုက်ကြပါအုံး ။ခဏကြာရင် သတင်းတွေ တက်လာလိမ့်မယ် ထင်ပါတယ်။
၂၀၂၄ မေ ၁၇ ၁၁၂၀
ဇင်ယော်
Zin Yaw Captain
Leave a Reply