ပခုက္ကူ၊ တင်းဂါတ်ရွာအနီး စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီးအလုံး ၂၀ ကျဲချ

ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီး စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီးအလုံး ၂၀ ကျဲချတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့တွင် မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါ ဗုံးသီး ၂၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် တင်းဂါတ်ရွာ ပျူစောထီး ခေါင်းဆောင် မြင့်ကြည်၏ ဒုလက် ထောက်သန့်ဇင် အပါအဝင် စစ်ကောင်စီ တပ်သား ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိုင် ပကဖ ၊ Black Cobra ၊ Pku Thurian နှင့် KMDF (Kamma Defence Force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *