ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ရရှိ

စစ်ကောင်စီတပ်သားများ၏ အလောင်းများ အစုလိုက်အပြုံလိုက် ပြန့်ကျဲနေ

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။

မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အခြေစိုက်ထားသော ကဇူး၊ ဒဘတ်၊ ဂါးရာယန်၊ ရွှေညောင်ပင်၊ ခလရ ၃၂၁ တပ်စခန်း ၊ ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ- ၁ အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ရွှေညောင်ပင်မှာရှိတဲ့ ရွှေမင်းပြည်သူ့စခန်းကိုလည်းသိ မ်းလိုက်ပြီ။ အောင်မြေ ၁ မှာရှိတဲ့ ပြည်သူ့ စစ်တပ်ရင်းနဲ့ စစ်တပ်စခန်းကိုလည်းသိမ်းလိုက်ပြီ ။ အခုကတော့ စစ်တပ်စခန်း ၄ ခုလောက်ကို KIA ပူးပေါင်းတပ်တွေ သိမ်းနေတယ်” ဟု KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီအချိန် ၀ိုင်းမော်မြို့နယ်၊ ၀ထောင်ဘွမ် ၊ ရတမ ၄၃၈ စခန်းကို သိမ်းပိုက်ရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် စစ်ကောင်စီက လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့် နယ်မြေမဆုံးရှုံးစေရန် အကြီး အကျယ် ခုခံနေကြေင်း၊ နှစ်ဖက်တိုက်ပွဲမှာလည်း အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ဝိုင်းမောင်မြို့နယ်၊ ရွှေညောင်ပင်တွင်လည်း တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ၏ ရဟတ်ယာဉ် တစ်စီးကို ပစ်ချခဲ့သည်ဆိုသော သတင်းထွက်ပေါ်လာသော်လည်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ ရုံးခန်းကမူ အတည်ပြုခြင်းမရှိပေ။

“ဗိုလ်မှူးကြီးနော်ဘူ အစည်းအဝေးဝင်နေလို့ပါ။ သူထွက်လာမှ ကျနော်တင်ပြလိုက်ပါ့မယ်။ သေချာတော့ မသိရသေးပါဘူး” ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူရုံးခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကချင်ပြည်နယ်တွင် မတ်လ ၇ ရက်နေ့ စတင်ခဲ့သော စစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၀၀ နီးပါးကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သားအလောင်းများ ပြန့်ကျဲနေသည့် စခန်းသိမ်းတိုက်ပွဲမြင်ကွင်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *