မံစီတွင် စစ်ရှုံးကောင်စီ လေတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် Cluster Bomb တွေ ကြဲချ တိုက်ခိုက်

‼️Breaking News – မံစီတွင် စစ်ရှုံးကောင်စီ လေတပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် Cluster Bomb တွေ ကြဲချ တိုက်ခိုက်‼️

■ ခမရ ၃၁၉ ထဲသို့ ကျရောက် ပေါက်ကွဲပြီး အကြမ်းဖက် စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေ သေဆုံးမှု အလွန်များနိုင်

မေလ ၁၉ ရက်နေ့ ဒီကနေ့ မနက် ၁၂ နာရီ ၃၇ မိနစ်နဲ့ ၃၉ မိနစ်ခန့် အချိန်တွေက ကချင်ပြည်နယ် မံစီမြို့ကို စစ်ရှုံးကောင်စီရဲ့ အကြမ်းဖက် လေတပ်က တံတားဦး လေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးဖြင့် Cluster Bomb တွေ ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း Cluster Bomb တွေ အားလုံးဟာ စစ်ရှုံးကောင်စီရဲ့ ခမရ ၃၁၉ တပ်ရင်း ဌာနချုပ်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် ခြင်းကြား စစ်သားတွေနဲ့ စစ်တပ် မိသားစုဝင်တွေ အများအပြား သေဆုံးနိုင်ကြောင်း ကချင် ရှေ့တန်း သတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။

Source ~ NAS


Comments

Leave a Reply

Your email address will not be published. Required fields are marked *