နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော စစ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ် ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Natogyi People Defence Force အဖွဲ့ထံမှ သိရသည်။

မေလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ခန့်တွင် နွားထိုးကြီးမြို့နယ် ထန်းတောမကျေးရွာ အတွင်း တပ်စွဲလာသော အင်အား ၄၀ ခန့်ရှိ အကြမ်းဖက် စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရရှိခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄) တပ်ရင်းနှင့် အတူ မဟာမိတ်တပ်ဖွဲများဖြစ်ကြသော မြင်းခြံခရိုင် တပ်ရင်း (၁) ၊ မြင်းခြံခရိုင် တပ်ရင်း (၂) ၊ မြင်းခြံခရိုင် တပ်ရင်း (၃) ၊ မြင်းခြံခရိုင် တပ်ရင်း (၈) ၊ မြင်းခြံမြို့နယ် ပကဖ ၊ နွားထိုးကြိးမြို့နယ် ပကဖ ၊ တောင်သာမြို့နယ် ပကဖ နှင့် မလှိုင်မြို့နယ် ပကဖ တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

နွားထိုးကြီးမြို့နယ်၊ ထန်းတောမ ကျေးရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း – နွားထိုးကြီး PDF ထံမှ သိရသည်။

မေလ ၁၇ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ်၊ ထန်းတောမကျေးရွာအတွင်း၌ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲလာသော အကြမ်းဖက်စစ်သားများကို မြေပြင်၊ ဝေဟင်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးကာ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် တပ်ရင်း ၁ ၊ မြင်းခြံခရိုင် တပ်ရင်း ၂ ၊ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မြင်းခြံခရိုင် တပ်ရင်း ၈၊ မြင်းခြံ မြို့နယ် ပကဖ ၊ နွားထိုးကြီးမြို့နယ် ပကဖ၊ တောင်သာမြို့နယ် ပကဖ နှင့် မလှိုင်မြို့နယ် ပကဖ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *