ရခိုင်ပြည်နယ်ထက်ဝက်ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးတစ်ပြည်နယ်လုံးသိမ်းပိုက်ဖို့ ၈ မြို့နယ်သာကျန်
အာရက္ခတပ်တော် (AA)က ဘူးသီးတောင်တစ်မြို့နယ်လုံးကစစ်ကောင်စီတပ်စခန်းတွေကို မေ ၁၈ ရက်မှ သိမ်းပိုက်လိုက်ပြီဖြစ်တာကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ AA သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့နယ်ပေါင်း ၉ မြို့နယ်အထိရှိလာပြီဖြစ်ပါတယ် ။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း ၁၇ မြို့နယ်ရှိတာကြောင့် ပြည်နယ်ရဲ့ထက်ဝက်ကျော်ကိုသိမ်းပိုက်ပြီး ၈ မြို့နယ်ပဲ ကျန်တော့တာပါ။ ဒါတောင် ဘူးသီးတောင်နဲ့ ကပ်ရပ်တည်ရှိတဲ့ မောင်တောမြို့နယ် တစ်ခုလုံးမှာ စစ်ကောင်စီတပ် ဗျူဟာ ၁ ခုနဲ့ ရဲတပ်ရင်း ၅ ရင်းပဲကျန်ပါတော့တယ်။
အဲစခန်းတွေကိုလည်း AA က ပိတ်ဆို့ဝိုင်းရံထားပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မကြာခင် မောင်တောမြို့နယ်ဟာ AA သိမ်းပိုက်နထိန်းချိုပ်နိုင်ပါလိမ့်မယ်။ ဒါအပြင် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ )တည်ရှိရာ အမ်းနဲ့ သံတွဲမြို့နယ်တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။
ဒါကြောင့် လက်ရှိ စစ်ကောင်စီ ထိန်းချုပ်မှုအောက် ရှိနေသေးတဲ့ မြို့နယ် ၈ မြို့နယ် (စစ်တွေ ၊ မောင်တော ၊ကျောက်ဖြူ ၊ အမ်း၊ မန်အောင် ၊တောင်ကုတ် ၊သံတွဲ ၊ဂွ )တို့ဟာ AA ရဲ့အားကောင်းလှတဲ့ ထိုးစစ်ဆင်မှုတွေကြောင့် အာရက္ခတပ်တော်ရဲ့ သိမ်းပိုက်ထိန်းချုပ်မှုအောက် ဘယ်တော့ရောက်လာမလဲ ဆိုတ ရေတွက်နေရတဲ့နေစွဲတွေဖြစ်လာပါပြီ။
AA ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် တွေနဲ့အတူ ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစပြီး ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ရခိုင်ပြည်နယ်ပေါက်တောမြို့နယ် စတဲ့ဒေသတွေမှာထိုးစစ်စခဲ့တာပါ။ ဒါကြောင့် ၆ လဝန်းကျင်အတွင်းမှာ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တစ်ခုလုံးအပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
Leave a Reply