AAက ၆ လအတွင်း ၁၀ မြို့နယ် သိမ်းပိုက်ထိန်းချုပ်

ရခိုင်ပြည်နယ်ထက်ဝက်​ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးတစ်ပြည်နယ်လုံးသိမ်းပိုက်ဖို့ ၈ မြို့နယ်သာကျန်

အာရက္ခတပ်​တော် (AA)က ဘူးသီး​တောင်တစ်မြို့နယ်လုံးကစစ်​ကောင်စီတပ်စခန်း​တွေကို ​မေ ၁၈ ရက်မှ သိမ်းပိုက်လိုက်ပြီဖြစ်တာ​ကြောင့် အခုဆိုရင် ရခိုင်ပြည်နယ်မှာ AA သိမ်းပိုက်ထိန်းချုပ်နိုင်တဲ့မြို့နယ်​ပေါင်း ၉ မြို့နယ်အထိရှိလာပြီဖြစ်ပါတယ် ။

ရခိုင်ပြည်နယ်မှာ မြို့နယ်​ပေါင်း ၁၇ မြို့နယ်ရှိတာ​ကြောင့် ပြည်နယ်ရဲ့ထက်ဝက်​ကျော်ကိုသိမ်းပိုက်ပြီး ၈ မြို့နယ်ပဲ ကျန်​တော့တာပါ။ ဒါ​တောင် ​ဘူးသီး​တောင်နဲ့ ကပ်ရပ်တည်ရှိတဲ့ ​မောင်​တောမြို့နယ် တစ်ခုလုံးမှာ စစ်​ကောင်စီတပ် ဗျူဟာ ၁ ခုနဲ့ ရဲတပ်ရင်း ၅ ရင်းပဲကျန်ပါ​တော့​တယ်။

အဲစခန်း​တွေကိုလည်း AA က ပိတ်ဆို့ဝိုင်းရံထားပြီး ထိုးစစ်ဆင်တိုက်ခိုက်​နေတာ​ကြောင့် မကြာခင် ​မောင်​တောမြို့နယ်ဟာ AA သိမ်းပိုက်နထိန်းချိုပ်နိုင်ပါလိမ့်မယ်။ ဒါအပြင် AA က အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ )တည်ရှိရာ အမ်းနဲ့ သံတွဲမြို့နယ်​တွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်​နေပါတယ်။

ဒါ​ကြောင့် လက်ရှိ စစ်​ကောင်စီ ထိန်းချုပ်မှု​အောက် ရှိ​နေ​သေးတဲ့ မြို့နယ် ၈ မြို့နယ် (စစ်​တွေ ၊ ​​မောင်​တော ၊ကျောက်ဖြူ ၊ အမ်း၊ မန်​အောင် ၊​တောင်ကုတ် ၊သံတွဲ ၊ဂွ )တို့ဟာ AA ရဲ့အား​ကောင်းလှတဲ့ ထိုးစစ်ဆင်မှု​တွေ​ကြောင့် အာရက္ခတပ်​တော်ရဲ့ သိမ်းပိုက်ထိန်းချုပ်မှု​အောက် ဘယ်​တော့​ရောက်လာမလဲ ဆိုတ ​ရေတွက်​နေရတဲ့​နေစွဲ​တွေဖြစ်လာပါပြီ။

AA ဟာ ရှမ်းပြည်နယ်​မြောက်ပိုင်းမှာ ညီ​နောင်မဟာမိတ် ​တွေနဲ့အတူ ၁၀၂၇ စစ်ဆင်​ရေးကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကစပြီး ချင်းပြည်နယ်ပလက်ဝမြို့နယ်နဲ့ ​ရခိုင်ပြည်နယ်ပေါက်​တောမြို့နယ် စတဲ့​ဒေသ​တွေမှာထိုးစစ်စခဲ့တာပါ။ ဒါ​ကြောင့် ၆ လဝန်းကျင်အတွင်းမှာ ချင်းပြည်နယ်က ပလက်ဝမြို့နယ် တစ်ခုလုံးအပါအဝင် မြို့နယ် ၁၀ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *