မင်းကွန်းရဲစခန်း ဝင်အစီးခံရ၊ စစ်သား၂ယောက်သေ

စစ်ကိုင်းတိုင်း၊ မင်းကွန်းရဲစခန်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အလစ်အငိုက်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ယောက်သေ အများအပြားဒဏ်ရာရသွားတယ်လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ မနက်၁နာရီခွဲမှာ အင်အား ၃၀ နဲ့တပ်စွဲထားတဲ့ရဲစခန်းကို အလစ်ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ၂ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရသွားသလို ဆေးရုံပေါ်မှာထပ်မံသေဆုံးမှုတွေရှိနိုင်တယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပြီး မနက် ၃ နာရီမှာ တပ်မ ၃၃ ကနေ သံပြားကာကား ၂ စီးနဲ့ မင်းကွန်းရဲစခန်းကို အင်အားဖြည့်တင်းခဲ့သလို မင်းကွန်းတဖက်ကမ်း နန်းတော်ကျွန်း ကျေးရွာကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့သိရပြီး လက်နက်ကြီးကျည်က မင်းကွန်းဘိုးဘွားရိပ်သာထဲကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မင်းကွန်း၊ Royal Falcon၊ Phoenix SGG ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *