မင်းတုန်းမြို့နယ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပြီး စစ်သား ၃၇ ဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ကျဆုံး

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း၌ တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကာင်စီတပ်သား ၃၇ ဦး သေဆုံးကာ PDF ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

မေလ ၁၄ ရက်နေ့က မင်းတုန်းမြို့နယ်၊ မင်းတုန်းမြိုနယ် ပြောင်း-သဖန်ရောင်-ဝက်ကော်ကျေးရွာ များမှ တစ်ဆင့် ငကုန်းကျေးရွာသို့ အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောအကြမ်းဖက် စစ် ကြောင်းသည် မေလ ၁၆ ရက်နေ့တွင် ငကုန်းကျေးရွာအနီးအရောက် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက် နက်ကြီးဖြင့် ပစ်ခတ်ပြီး လေကြောင်းပစ်ကူခေါ်ခဲ့ရာ မွန်းတည့် ၁၂ နာရီအချိန်၌ ငကုန်းကျေးရွာ ဘန်ုးကြီးကျောင်း စာသင်ကျောင်းနှင့် ရွာကုန်းထိပ်များပေါ် ဂျက်ဖိုက်တာဖြင့် ၆ ကြိမ်အထိ ပျံဝဲ ပစ်ခတ်ပြီး စစ်ကြောင်းမှာ ငကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၁၈ ရက်နေ့တွင် အဆိုပါ ငကုန်းကျေးရွာသို့ စစ်ကူအင်အားဖြည့်တင်းရန် မင်းတုန်း မြို့ပေါ်မှ ဖောကား ၂ စီးဖြင့် အင်အား ၆၀ ခန့်ထွက်လာရာ ကျွဲဘေကျေးရွာနှင့် ထိန်ကိုင်းကျေးရွာ ကြား အရောက်၊ နံနက် ၅ နာရီ မိနစ် ၃၀ အချိန်တွင်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၁ စစ် ဒေသ၊ မကွေးတိုင်း သရက်ခရိုင်အမှတ် – ၄တပ်ရင်း(Eagle Force)၊ ကျောင်းသားလက်ရုံး တပ်တော် (SAF)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ (WOLF)တို့ ပူးပေါင်းပြီး အသင့်စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက် စစ်သား ၁၂ ဦးခန့် သေဆုံးပြီး ၈ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်း တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၈ ရက် မွန်းတည့် ၁၂ နာရီအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကြောင်းမှ ခြေလျင် ထပ်ထွက်လာသည့် လက်ကျန်စစ်သား ၄၀ ခန့်အား ကျွဲဒွန်ကျေးရွာနှင့်သီးပင်ကုန်းကျေးရွာ လမ်းဆုံ အရောက် အသင့်စောင့်ဆိုင်းပြီး အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၀ ဦး သေ ဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁စစ်ဒေသ၊ မကွေးတိုင်း သရက် ခရိုင် အမှတ်-၄တပ်ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေး အင်အားစု စစ်သည်များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ကလည်း လက်ရှိစစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်နှင့် မင်း တုန်းမြို့နယ်၊ ရွာသစ်ကျေးရွာနှင့် ငှက်ပျင်းကျေးရွာကြား၌ (၁) ကြိမ်၊ မေလ ၁၁ ရက်နေ့တွင် ရွာသစ် ကျေးရွာနှင့် ကြိုဝကျေးရွာကြား၌ (၁) ကြိမ်၊ ထိတွေ့တိုက်ပွဲများဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄ တပ် ရင်း (Eagle Force) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ လွတ်မြောက်ရေးအင်အားစု စစ်သည် များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်တစ်ဦး တိုင်းပြည်နှင့်ဖက်ဒရယ်ဒီမိုကရေစီ စနစ်အတွက် အသက်ပေးလှူခဲ့ရကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲ ၄ ကြိမ်အတွင်း ထိခိုက်ဒဏ်ရာရရှိသောအကြမ်းဖက်စစ်သားများကို မင်းတုန်းမြို့နယ် ဆေးရုံသို့လည်းကောင်း၊ အချို့ကို မကွေးမြို့ဆေးရုံသို့ လည်းကောင်း ပို့ဆောင်ထားကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။

◾ တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်

◾ မေလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်

၁။ (၁၄.၅.၂၀၂၄)ရက်နေ့မှစပြီး မင်းတုန်းမြို့နယ် ပြောင်း-သဖန်ရောင်-ဝက်ကော်ကျေးရွာများမှ တစ်ဆင့် ငကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော
အင်အား (၁၂၀)ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည်၊ (၁၆.၅.၂၀၂၄)ရက်နေ့၊
ငကုန်းကျေးရွာအနီး အရောက်တွင်၊
တိုက်ပွဲဖြစ်ပွားချင်းမရှိပဲ၊
လက်နက်ကြီးများပစ်ခတ်ပြီး၊လေယာဥ်ပစ်ကူခေါ်သဖြင့်၊နေ့လည် (၁၂)နာရီ အချိန်တွင်၊
ငကုန်းရွာဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် ရွာကုန်းထိပ်များပေါ်သို့ ဂျက်ဖိုက်တာဖြင့် (၆) ကြိမ်ထိ ဝဲပျံပစ်ခတ်ပြီး၊ ငကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲနေခဲ့ပါသည်။

၂။ (၁၈.၅.၂၀၂၄)ရက်နေ့တွင် မင်းတုန်းမြို့မှ
ထို ငကုန်းကျေးရွာရှိ စစ်ကြောင်းထံ ထပ်မံ အင်အားဖြည့်တင်းရန်လာသော စစ်ခွေးအင်အား (၆၀)ခန့်ပါ FAWကား (၂)စီးအား ကျွဲဘေကျေးရွာ နှင့် ထိန်ကိုင်းကျေးရွာကြား အရောက်၊ နံနက် (၅)နာရီ(၃၀)မီးနစ်အချိန်တွင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ်-၁ စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄တပ်ရင်း(Eagle Force)၊
ကျောင်းသားလက်ရုံးတပ်တော်(SAF)၊
လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (WOLF)တို့ ပူးပေါင်းစစ်ကြောင်းသည်၊အသင့်စောင့်ကြို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ၊စစ်ခွေး (၁၂)ဦးခန့်ကျဆုံးပြီး (၈)ဦးခန့် ထိခိုက်ဒဏ်ရာရကာ၊ ကျွန်ုပ်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်။

၃။ ထို(၁၈.၅.၂၀၂၄)ရက်နေ့တွင်ပဲ မိုင်းဆွဲတိုက်ခိုက်ခံရသော စစ်ခွေစစ်ကြောင်းမှ လက်ကျန် အင်အား (၄၀)ခန့်သည်
ဆက်လက်ခြေလျင်စစ်ကြောင်းထိုးလာရာ၊ ကျွဲဒွန်ကျေးရွာနှင့်သီးပင်ကုန်းကျေးရွာ လမ်းဆုံအရောက်၊ နေ့လည်
(၁၂)နာရီအချိန်တွင် နောက်ထပ် အသင့်စောင့်ဆိုင်းနေသော ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်-၁စစ်ဒေသ၊မကွေးတိုင်း သရက်ခရိုင် အမှတ်-၄တပ်ရင်း(Eagle Force)၊ကျောင်းသားလက်ရုံးတပ်တော်(SAF)၊လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့(WOLF)တို့ ပူးပေါင်းစစ်ကြောင်းမှ အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ခွေး(၁၀)ဦး မျက်မြင်သေဆုံးပြီး၊အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကာ၊ကျွန်ုပ်တို့  ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်။

၄။ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်း သရက်ခရိုင်အမှတ်-၄တပ်ရင်း(Eagle Force)၊
ကျောင်းသားလက်ရုံးတပ်တော်(SAF)၊
လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့(WOLF)တို့ ပူးပေါင်းစစ်ကြောင်းသည် လက်ရှိ စစ်ကြောင်းထိုးနေသော စစ်ခွေးစစ်ကြောင်းနှင့်
မေလ (၁၀)ရက်နေ့တွင် မင်းတုန်းမြို့နယ် ရွာသစ်ကျေးရွာနှင့် ငှက်ပျင်းကျေးရွာကြားတွင် (၁)ကြိမ်၊
မေလ (၁၁)ရက်နေ့တွင်၊
ရွာသစ်ကျေးရွာနှင့် ကြို့ဝကျေးရွာကြားတွင် (၁)ကြိမ်၊ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သေးပြီး၊ ထိုတိုက်ပွဲ (၂)ကြိမ်တွင်လည်း ရန်သူစစ်ခွေး(၁၅)ဦးခန့် သေဆုံးပြီး၊အများအပြား ထိခိုက်ဒဏ်ရာရကာ ကျွန်ုပ်တို့ ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်(၁)ဦး မြင့်မြတ်စွာ အသက်ပေး ကျဆုံးခဲ့ရပါသည်။

၅။ ထို မေလ (၁၀)ရက်နေ့မှ (၁၈)ရက်နေ့ထိ ကျွန်ုပ်တို့ ပူးပေါင်းစစ်ကြောင်းနှင့်
ဖြစ်ပွားခဲ့သော၊တိုက်ပွဲ(၄)ကြိမ်မှ ထိခိုက်ဒဏ်ရာရ စစ်ခွေးများကို မင်းတုန်းဆေးရုံသို့ သယ်ဆောင်ပြီး၊တချို့ကို မကွေးဆေးရုံထိ ပို့ထားရတယ်လို့ သိရှိရပါတယ်။

KO MYAT
သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ
သရက်ခရိုင်အမှတ်-၄တပ်ရင်း
(Eagle Force)


Comments

Leave a Reply

Your email address will not be published. Required fields are marked *