ကချင်ပြည်နယ် ပူတာအိုမြို့တွင် စက်သုံးဆီပြတ်လပ်နေပြီး ဓာတ်ဆီ ၁ လီတာကို အနည်းဆုံး ကျပ်ငါးသောင်းကျော် ပေးဝယ်ရပြီး လိုသလောက် ဝယ်ယူ၍လည်း မရကြောင်း ဒေသခံများထံမှ သိရသည်။
“ဓာတ်ဆီ ၁လီတာ တစ်ပုလင်းကို အနည်းဆုံး ၅၅၀၀၀ ပေးဝယ်ရတယ်၊ တချို့နေရာတွေမှာက တစ်ပုလင်း ၈သောင်းကျော်အထိ ပေးရတယ်။ ဒါတောင် လိုချင်သလောက်ဝယ်မရဘူး” ဟု ပူတာအိုဒေသခံ တစ်ဦးကပြောသည်။
မြစ်ကြီးနား-ပူတာအို ပြည်ထောင်စုလမ်း ပိတ်ပြီးနောက် ပူတာအို မြို့ပေါ်တွင် လက်ရှိ ဓာတ်ဆီ ဂါလံ (၅၀)ပါ တစ်ပေပါကို သိန်းရာကျော်အထိ ပေါက်ဈေးရှိနေပြီး ညအချိန်မှသာ မှောင်ခိုရောင်းဝယ်နေကြရကြောင်း ၎င်းမှဆိုသည်။
“ဆန်ဆိုတာကလည်း တစ်အိတ်ကို ၃၂၀,၀၀၀ ကျပ်ဖြစ်ပြီး ဝယ်လို့ မရလို့ ဝမ်းရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။ စားသုံးဆီကလည်း ဈေး အဆမတန်မြင့်ပြီး ဆားဆိုရင်လည်း အရင်က တစ်ထောင်ဖိုး ၃ ထုပ်၊ ခုဆို တစ်ထုပ်ကို နှစ်ထောင်ကျပ်တဲ့။ ဒါတောင် ဝယ်မရတဲ့ အခက်အခဲလေးတွေ ရှိပါတယ်။”ဟု ပူတာအိုဒေသခံတစ်ဦးမှ ပြောသည်။
ပူတာအိုတွင် တောင်သူလယ်သမားများအတွက်မူ ဒီဇယ်ကို လေကြောင်းလိုင်းဖြင့် ပို့ဆောင်ပေးပြီး သက်သာသည့် ဈေးနှင့် ရောင်းချပေးနေသော်လည်း ကန့်သတ်ချက်ဖြင့်သာ ရောင်းချပေးနိုင်သဖြင့် လုံလောက်မှုမရှိကြောင်းသိရသည်။
ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်လာသည့် မတ်လ (၁၀) ရက်နေ့ကစတင်ပြီး မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းကို နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများမှ ပိတ်ဆို့ခဲ့ကာ အချိန် (၂)လခွဲခန့်ကြာမြင့်လာသည်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် ကုန်စည်များ ရှားပါးလာခြင်းဖြစ်သည်။
မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင် လုံခြုံရေးယူထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ပူတာအိုမြို့အတွက် အဓိကအရေးကြီးလိုအပ်နေသည့် ဆန်၊ ဆီ၊ ဆားနှင့် ဓါတ်ဆီသယ်ဆောင်သည့် ကုန်တင်ကားများကို ရက်အကန့်အသတ်ဖြင့် ယာယီ ဖြတ်သန်း သွားလာခွင့်ပေးရန် ဒေသခံများမှ မျှော်လင့်နေသည်။
ယနေ့ ပူတာအို ကုန်ဈေးနှုန်း
ပူတာအို၏ ကုန်ဈေးနှုန်းက မိုးထိအောင် လှေကားထောင်နေသည်ဟု ဆိုရမည်။
ပူတာအိုသားတဦး၏ ပြောဆိုချက်အရဆိုလျှင် ယနေ့ ကုန်ဈေးနှုန်းမှာ
ဒေသထွက် ဆန်ကြမ်း နို့ဆီဗူး ၆ ဗူး – ၁၀၀၀၀ ကျပ်
ဆီတပိဿာ ကျပ်၂၁၀၀၀ မှ ၂၅၀၀၀
ကြက်ဥ ၄ လုံး ၅၀၀၀ ကျပ်
ဓာတ်ဆီမှာ တပုလင်း (700 ml) လျှင် ၈ သောင်းကျပ်ရှိကြောင်း သိရသည်။
နောက်ဆုံးရ ပူတာအို ကုန်ဈေးနှုန်း
ကုန်ပစ္စည်း | ကုန်ကျတန်ဖိုး (ကျပ်) | |
၁ | ကြက်ဥ တစ်လုံး | ၂,၀၀၀ |
၂ | စားဆီ တစ်ပုံး | ၃၀၀,၀၀၀ |
၃ | ဆားတစ်ထုပ် | ၅,၀၀၀ |
၄ | ခရမ်းချဉ်သီး ၃ လုံး | ၅,၀၀၀ |
၅ | ဓါတ်ဆီ တစ်ပေပါ | ၁၀,၀၀၀,၀၀၀ |
၆ | ဓါတ်ဆီ တစ်ပုလင်း | ၇၀,၀၀၀ |
စံချိန်တင် ကုန်စျေးနှုန်းမြင့်တက်နေတဲ့ ပူတာအိုမြို့
ကချင်ပြည်နယ်မြောက်ပိုင်း ပူတာ
မတ်လ ၈ ရက်နေ့ကတည်းက ကချင်လွတ်လပ်ရေး
နှစ်လကျော်ကြာ ကားလမ်းပိတ်ခံရတဲ့ နောက်ဆက်တွဲအနေနဲ့ ပူတာအိုဒေသမှာ အခြေခံ စားသောက်ကုန်၊ စက်သုံးဆီ၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်လာပြီး ဒေသခံတွေရဲ့ လူနေမှုဘဝ တစ်နေ့တခြား ပိုမိုခက်ခဲလာနေတယ်လို့ ပူတာအိုမြို့ လုံးစွတ် ရပ်ကွက်နေ အသက် ၅၀ ကျော်အမျိုးသားတစ်ဦးက KNG ကို အခုလို ပြောပါတယ်။
“ပူတာအိုဒေသအတွက် ကတော့ ဒါဟာ ဘယ်ခေတ်ဘယ်အခါမှ မကြုံဖူးခဲ့တဲ့အခြေအနေတစ်ခုကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုရမှာပဲ။ ဘာလို့ဆိုအရင်က ကားလမ်းတွေဘာတွေပိတ်တာမျိုးရှိ
မြစ်ကြီးနား-ပူတာအို ကားလမ်းကြေ
အထက်ပါ လုံးစွတ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ကားလမ်းပိတ်လို့
စစ်ကောင်စီတပ်က လေယာဉ်နဲ့ ကုန်ပစ္စည်းတင်ပေးပေမယ့် ကုန်စျေးနှုန်းက ပိုမိုမြင့်တက်လာတယ်လို့ ဆိုပါတယ်။
မေလ ၂၀ ရက်နေ့ ရရှိထားတဲ့ ပူတာအိုမြို့ အခြေခံ ကုန်စျေးနှုန်း
လေယာဉ်ကွင်း ရပ်ကွက်နေ အမျိုးသားတစ်ဦးက “ဓာတ်ဆီက မဝင်တော့ဘူးသာပြောတာ ကုန်တယ်လို့တော့မရှိဘူး ခုထိရှာဝယ်ရင်တော့ ရှိသေးတယ်။ ပုလင်းချိန်လေးတွေရေ
အလားတူ ပူတာအိုဒေသမှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အပြင်ဆေးဆိုင်အများပိုင်း ပိတ်ထားရသလို ပြည်သူ့ဆေးရုံကြီး
“ဆေးခန်းတွေကတော့ကြာပြီ ပိတ်ထားကြတာ။ အခုမြို့ပေါ်မှာ တစ်ဆိုင်နှစ်ဆိုင်ပဲဖွင့်တယ်။ ဒ
စစ်ကောင်စီက ဆေးဝါးတွေကို လေကြောင်းနဲ့ သယ်ယူပေးတာမျိုး မရှိသေးတာကြောင့် ဆေးဆိုင်အများအပြားပိတ်ထားရပြီး အဖြစ်အများဆုံးဖြစ်တဲ့ ခေါင်းကိုက်ဖျားနာမှုနဲ့ ဝမ်းပျက် ဝမ်းလျောဆေးဝါးတွေကိုဘည်း ဝယ်ယူလို့ မရဘူးလို့ ဆိုပါတယ်။
ပူတာအိုဒေသခံတွေဟာ စက်သုံးဆီ ရှားပါးမှုကြောင့် သွားလာရေး ခက်ခဲနေသလို ကုန်စျေးနှုန်းမြင့်
မတ်လ ၈ ရက်နေ့မှာ စတင်လိုက်တဲ့ KIA ပူးပေါင်းတပ်
“ဧပြီလကုန်ပိုင်းလောက် အထိကတော့ အေးအေးဆေးဆေးပါပဲ ဘယ်သူမှရွေ့ကြပြောင်းကြတဲ့သူမရှိ
ပြီးခဲ့တဲ့ ရက်ပိုင်းက ပူတအိုမြို့ခံပြည်သူတွေကို မေလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး မြို့နဲ့ဝေးရာကို တိမ်းရှောင်ရမယ်ဆိုတဲ့ ကောလဟာလ သတင်းပျံ့နှံ့ခဲ့ပြီး အဲ့ဒီသတင်းကြောင့် မြို့ခံတွေ ကြားမှာ စိုးရိမ်မှုပိုမိုမြင့်တက်လာနေ
ပူတာအိုဒေသခံများ မေလ ၂၆ ရက်နေ့နောက်ဆုံးထား တိမ်းရှောင်ရမယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဝမ်တိုင်းရင်းသားရေ
“အဲ့ဒီသတင်းက သတင်း မမှန်ကန်ပါဘူး လောလောဆယ် စိုးရိမ်စရာတော့မရှိသေးဘူး။ ဒါ
ပူတာအို-မြစ်ကြီးနား ကားလမ်းပေါ်က ဆွမ်ပရာဘွမ်မြို့နှင့် ဖုန်ကျန်းကျေးရွာမှာ စစ်ကောင်စီ အထိုင်တပ်စခန်းကို KIA ပူးပေါင်
၂၀၁၆ ခုနှစ်မတိုင်မှီက ပူတာအိုဒေသ ကု
ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ၂၀၁၈ ခုနှစ်စာရင်းအရ အိမ်ခြေ ၁၁၀၀၀ လူဦးရေ ၆၀၀၀၀ ကျော်ရှိတဲ့ မြန်မာပြည်မြောက်ဖျားပိုင်းက ဝေးလှံခေါင်ဖျား ဒေသက မြို့တစ်မြို့လည်းဖြစ်ပါတယ်။
Leave a Reply