စစ်ကိုင်းမြို့နယ် ပဒူရွာနှင့် ရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းမြို့နယ် ပဒူကျေးရွာနှင့် ရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Phoenix–Sagaingမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။

ပဒူကျေးရွာနှင့် ရဲစခန်းအတွင်းတပ်စွဲနေပြီး ပြည်သူပိုင်နေအိမ်များအား ဖောက်ထွင်းခိုးယူခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် မေလ (၁၉) ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့ကြောင်း Phoenix –Sagaing အဖွဲ့မှ မေလ (၂၀)ရက်နေ့က သတင်းထုတ်ပြန်သည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး တိုက်ခိုက်မှုဆောင်ရွက်ခဲ့သည့်ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုကို Phoenix –Sagaing၊ စစ်ကိုင်းမြို့နယ် (ပကဖ)၊ GTR(MMU)၊ စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့၊ စစ်ကိုင်းခရိုင် အမှတ်(၁) တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Forceနှင့် နယ်မြေခံ ပကဖများ စုပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်းထုတ်ပြန်ချက်

စစ်ကိုင်းမြို့နယ် ပဒူရွာအတွင်းနှင့် ရဲစခန်း အတွင်း တပ်စွဲပြီး ပြည်သူများ၏ နေအိမ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်စီးကာ ဖောက်ထွင်းလုယက်နေသော အကြမ်းဖက်စစ်တပ်၏ စစ်‌_ခွေး -ရဲ‌-ခွေး နှင့် ပျူစောထီးများနေထိုင်သောနေရာများ အား ဒရုန်းများဖြင့် ဗုံ္းသီးများစွာချကာ တို-က်ခို-က်ခဲ့ရာ ရဲစခန်းအတွင်း ထိခိုက်ပျက်စီးမှု ရှိပြီး အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ အထိအခိုက် အ‌ေ-သ-အဆုံး အား မသိရှိရသေးပါ။မစ်ရှင် ဖော်ဆောင်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ လာနိုင်ခဲ့ပါသည်။

Phoenix -Sagaing/စစ်ကိုင်းမြို့နယ် (ပကဖ)/GTR(MMU)/စစ်ကိုင်းခရိုင် ဒရုန်းတပ်ဖွဲ့ /စစ်ကိုင်းခရိုင် အမှတ်(၁)တပ်ရင်း ဒရုန်းတပ်ဖွဲ့ /ယူနီကွန်းပြောက်ကြားတပ်ဖွဲ့/Royal Falcon Guerrilla Force/နယ်မြေခံ ပကဖ များစုပေါင်းကာ ဆောင်ရွက်ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *