ဝိုင်းမော်မြို့ရဲစခန်းအား ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု စခန်းမှူး လည်ပင်းထိမှန်သေဆုံး

ဝိုင်းမော်မြို့ရဲစခန်းအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် PDF ပူးပေါင်းတပ်ဖွဲ့ကယနေ့(မေလ၂၁ရက်)နေ့ခင်းပိုင်းတွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စခန်းမှူးသေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

“စခန်းမှူး လည်ပင်ကို ထိသွားပြီး သေသွားတယ်။ သူက အသစ်ရောက်လာတဲ့စခန်းမှူး”ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက အတည်ပြုပြောကြားသည်။

ဝိုင်းမော်မြို့၊ရပ်ကွက်(၃)ရှိ ရဲစခန်းကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က ​မေ ၂၁ ရက် မွန်းလွဲ ၁နာရီခန့်တွင် ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ သေဆုံးသွားသည့်စခန်းမှူး၏အမည်ကို စုံစမ်း​နေဆဲဖြစ်သည်။

“လူနာတင်ကားကလာခေါပြီး ဝိုင်းပေါ်ဆေးရုံထဲကိုမောင်းဝင်သွားတာတွေ့တယ်” ဟု ဒေသခံတဦးကလည်းပြောသည်။

ပြီးခဲ့သည့်မေလ၉ရက်နေ့ကလည်း မြစ်ကြီးနားနှင့်ဝိုင်း‌မော်ကိုဆက်သွယ်ထားသည့်ဗလမင်းထင်တံတားစစ်ကောင်စီစစ်ဆေးရေးဂိတ်ကို KIAနှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှု၌ ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲမှူးတင်ကိုကိုသေဆုံးပြီး ရဲနှစ်ဦး ဒဏ်ရာရရှိသွားသည်။

KIA က ​မေ ၁၈ ရက်မှစ၍ ဝိုင်း​မော်မြို့အနီးတဝိုင်ရှိစစ်​ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းအများစုကိုသိမ်းပိုက်ထားသည်။​ ရွှေ​ညောင်ပင် ခလရ ၃၂၁
အပါအဝင် လက်ကျန်စခန်းများကို သိမ်းပိုက်နိုင်ရန် KIA ကထိုးစစ်ဆင်တိုက်ခိုက်​နေသည်။

(ဝိုင်း​မော်မြို့မ ရဲစခန်း။ ဓါတ်ပုံ-CJ)


Comments

Leave a Reply

Your email address will not be published. Required fields are marked *