မပန်ဆယ်လို သိန်းပေါင်း ၇ သောင်းကျော်တန်ကြေးရှိ ဟိုတယ်ကြီး အလှူခံရရှိ

တော်လှန်ရေးအတွက် ဂုဏ်ယူဖွယ်ရာ၊ စိတ်လှုပ်ရှားစရာ သတင်းတစ်ခု ကြေညာချင်ပါတယ်။

ရှမ်းပြည်မှာ ရှိတဲ့ ကာလတန်ကြေး သိန်းပေါင်းခုနှစ်သောင်းကျော် (အမေရိကန်ဒေါ်လာ နှစ်သန်းဝန်းကျင်) တန်ဖိုးရှိတဲ့ ဟိုတယ်တစ်လုံးကို တော်လှန်ရေးအတွက် ရန်ပုံငွေရှာဖွေပေးဖို့ ကျွန်မထံ လာရောက်လှူဒါန်းသွားပါတယ်။

အလှူရှင်က ကျွန်မနဲ့ တော်လှန်ရေးကာလမတိုင်ခင်ကတည်းက ခင်မင်ခဲ့တဲ့ မိတ်ဆွေဖြစ်ပြီး အခုထိ တော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင် လှုပ်ရှားပါဝင်နေတဲ့သူ ဖြစ်ပါတယ်။

တကယ်လှူနိုင်တယ်လားအကိုရေလို့ မေးတော့ ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ အထောက်အပံ့ဖြစ်မယ်ဆို မပေးနိုင်စရာလားဗျာတဲ့။

လှူသူကတော့ အာရုံပြတ် တစ်ချက်လေးမှတောင် မတွန့်ဘူး။

ကိုယ်ကတော့ ဘယ်ပုံဘယ်နည်းဘယ်လိုရှာရမလဲ ခေါင်းစားနေဆဲ။

ဒီလကုန်အတွက် အားခဲထားကြပါဦး ပြည်သူတို့ရေ။

ပန်ဆယ်လိုတစ်ယောက် အတိုက်အခိုက်တွေကြောင့် ဒေါ်လာနှစ်သန်းဝန်းကျင်အဆောက်အဦးကြီး လာလှူတာခံရအောင် အယုံအကြည် ကင်းမဲ့ခံနေရလို့ပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *