TNLA တပ်သားသစ် တစ်ထောင်ကျော် သင်တန်းဆင်း

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ ကွတ်ခိုင်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်သားသစ် အင်အား တစ်ထောင်‌ကျော် သင်တန်းဆင်းပြီဖြစ်ကြောင်း သိရသည်။

တအာင်းဒေသကို TNLA အုပ်ချုပ်ပြီးနောက်ပိုင်း အခြေခံစစ်ဆင်သင်တန်းကျောင်းမှ တပ်သားသစ် တစ်ထောင်ကျော် သင်တန်းဆင်းလာခြင်းဖြစ်‌ကာ ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ရေးလေ့ကျင့်နေသည့် ရုပ်သံ ၂၀၂၄ ခုနှစ် မေလ(၂၀)ရက်နေ့တွင် ထွက်ပေါ်လာသည်။

အသေးစိတ်အခြေအနေကို မေလ(၂၂)ရက်နေ့တွင် ထုတ်ပြန်မည်ဟု TNLA တာဝန်ရှိသူတစ်ဦးကပြောသည်။

TNLA သည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ရှိ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်မှ မိုင်းလုံ၊ မိုင်းငေါ့ စသည့်မြို့များကို သိမ်းပိုက်ထားသည်။

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top