စစ်ကောင်စီ လက်အောက်ခံကျောင်းက ကျောင်းလာအပ်တဲ့ ကျောင်းသားတိုင်းကို စစ်ပုံဆံပင်ညှပ်ခိုင်း

ဒီနေ့ စစ်ကောင်စီလက်အောက်ခံကျောင်းတွေက ကျောင်းအပ်စတင်လက်ခံနေပြီး ကျောင်းလာအပ်တဲ့ကျောင်းသား တိုင်းကို စစ်ပုံစံ ဆံပင်ညှပ်မှ ကျောင်းတက်ခွင့် ရမယ်ပြောလို့ ဆံပင်ညှပ်ခဲ့ရကြောင်း ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။

“ဒီနေ့ ကျမသားကို ကျောင်းသွားအပ်တယ်။ ဆရာမက ကလေးကို ရှေ့တစ်ဘက်မနောက်ပြောင်ညှပ်ပေးမှ ကျောင်း တက်လို့ရမယ်ပြောလို့ ဆံပင်သွားညှပ်တာ ဆိုင်မှာ ဆံပင်လာညှပ်တဲ့ ကလေးတွေအများကြီးပဲ။ ဒါနဲ့ ကျမတို့ မြို့နယ် တစ်ခုတည်းက လုပ်တာလို့ထင်တာမဟုတ်ဘူး။ အခြားမြို့နယ်တွေမှာလည်း လုပ်တယ်။ ဘားအံကအမျိုး ကလည်း သူတို့ ဘားအံမှာလည်း လုပ်တဲ့အကြောင်းပြောတယ်။ ကလေးတွေကို Brain Wash လုပ်နေတာ။ ဒဂုံဆိပ်ကမ်းမြို့နယ် ပညာရေးမှူးကတော့ စစ်ကောင်စီဖက်ကို ပြတ်ပြတ်သားသားရပ်တဲ့သူပါ” လို့ ပြောပါတယ်။

မေလ ၂၃ ရက်ကစတင်ပြီး ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ်သတ်မှတ်လိုက်ပြီး အရင်နှစ်တွေကထက်စာရင် ကျောင်းအပ်နှံသူဦးရေတိုးလာတယ်လို့ ကျောင်းသားမိဘက ဆက်ပြောပါတယ်။ စစ်ကောင်စီကို CDM လုပ်ထားတဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် ကျောင်းမတက်နိုင်တာ ၃ နှစ်ရှိနေပြီဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *