မြန်မာတွင် ပြုလုပ်မည့် Miss Grand International ပြိုင်ပွဲဖျက်သိမ်း

နိုင်ငံတကာ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်ထား‌သော ၂၀၂၄ ခုနှစ်အတွက်ပြိုင်ပွဲကို ဖျက်သိမ်းလိုက်သည်ဟု Miss Grand International က ကြေညာသည်။

အောက်တိုဘာလအတွင်း ရန်ကုန်မြို့၌ ပြုလုပ်ရန်စီစဉ်ထားသည့် 2024 ပြိုင်ပွဲကို လက်ခံပြုလုပ်မည့် အိမ်ရှင်နိုင်ငံကိုထပ်မံကြေညာမည်ဟုဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဟွန်ဒူးရပ် အလှမယ်က မြန်မာနိုင်ငံတွင် တည်ငြိမ်အေးချမ်းမှု မရှိသဖြင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ဟု ကြေညာခဲ့ သည်။

မြန်မာတွင် ငြိမ်းချမ်းမှုမရှိသေးသည့်အချိန်တွင် ပြိုင်ပွဲဝင်မည် မဟုတ်ဘဲ ပြည်တွင်းစစ်ကြောင့် လုံခြုံရေးစိုးရိမ်ရကြောင်း၊ မြန်မာပြည်သူများ အေးချမ်းစေရန် ဆုတောင်းကြောင်း ပြိုင်ပွဲမှ နုတ်ထွက်လိုက်သည်ဟု ဟွန်ဒူးရပ်စ် အလှမယ် Cecilia García ၏ ကြေညာချက်တွင်ပါရှိသည်။

ယခုနှစ်ရန်ကုန်မြို့တွင် ပြုလုပ်ရန်စီစဉ်ခဲ့သည့် 2024 Miss Grand International ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် အလှမယ်သဲစုညိမ်းက ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သည်။

ယခင်နှစ်က ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကို ဗီယက်နမ်တွင် ကျင်းပခဲ့ပြီး မြန်မာကိုယ်စားပြု အလှမယ် နီနီလင်းအိမ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ရာ ဆုသုံးဆု ရရှိခဲ့သည်။

Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံမှ Nawat Itsaragrisil ကတည်ထောင်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပြိုင်ပွဲကို စတင်ကျင်းပခဲ့သည်။

ဓါတ်ပုံ- မြန်မာနိုင်ငံမှ ကိုယ်စားပြုယှဉ်ပြိုင်ရန် စီစဉ်ထားခဲ့သော အလှမယ် သဲစုညိမ်း


Comments

Leave a Reply

Your email address will not be published. Required fields are marked *