စစ်တပ်ထောက်တိုင်တွေကို ရှင်းလင်းရေး အရှိန်မြှင့် ဖို့ တော်လှန်ရေး ၂ဖွဲ့ ပူးပေါင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့ ၃ တို့ဟာ မေလ၂၁ရက်နေ့က စတင်ပူးပေါင်းပြီး စစ်ရေးအရှိန်မြှင့် ဆောင်ရွက်တော့မယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။

အရင်လုပ်ဆောင်နေတဲ့ စစ်ရေးထက် အရှိန်အဟုန်မြှင့်ပြီး အာဏာသိမ်းစစ်တပ်ရဲ့ လက်ပါးစေတွေကို ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို တိုက်ခိုက်သွားမှာပါ။ ပဲခူးတိုင်းသာယာဝတီဂဠုန်တပ်ဖွဲ့နဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေး တပ်ခွဲ ၃ တို့ ပေါင်း​ပြီး စစ်ရေးပစ်မှတ်နဲ့ စစ်ကောင်စီထောက်တိုင်တွေကို ပိုမိုအရှိန်မြှင့်လုပ်ဆောင်သွားမှာပါ” လို့ ရန်ကုန်တိုင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ စစ်တပ်နဲ့ပတ်သက်ယှက်နွယ်နေတဲ့ စစ်ရေးပစ်မှတ်တွေအပြင် စစ်တပ်ထောက်တိုင် မှန်သမျှကို တိုက်ခိုက်သုတ်သင်သွားမှာဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့ဝင်က ထပ်မံ ပြောဆိုခဲ့ပါတယ်။

ပုံစာ – တော်လှန်ရေးပူပေါင်း တပ်ဖွဲ့၂ဖွဲ့ရဲ့ ထုတ်ပြန်ချက်


Comments

Leave a Reply

Your email address will not be published. Required fields are marked *