ပျူစောထီးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲမှ ပျူစောထီးတင့်ဇော် အပါအဝင် ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

ပခုက္ကူ၊ အောင်သာနှင့် ရှင်မကန် ပျူစောထီးရွာတို့ကို ဒရုန်းဖြင့် ဗုံးကျဲမှ ပျူစောထီးတင့်ဇော် အပါအဝင် ၃ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြိုနယ် မြစ်ခြေမြို၏ အရှေ့ဘက်ရှိ အောင်သာပျူစောထီးရွာ ဒရုန်းဗုံးသီးများဖြင့် ၂ ရက်ဆက် ကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး တင့်ဇော် သေဆုံးပြီး ပျူစောထီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်ပကဖ မှ တာဝန်ရှိသူကပြောကြားသည်။

မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီအချိန်မှ ည ၁၂ နာရီအချိန်အထိ အောင်သာ ပျူစောထီးရွာကို ဒရုန်းဖြင့် ဗုံး ၂၀ လုံးခန့် ဖြုတ်ချတိုက်ခိုက်ခဲ့ရာ ပျူစောထီး၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ မေလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ ညနေ ၃ နာရီအထိ ဒရုန်းဖြင့် ဗုံး ၁၅ လုံးခန့် ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ ထံမှ သိရှိရသည်။

ထို့ပြင် မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန်တွင်လည်း အောင်သာပျူစောထီးရွာကိုပင် ဒရုန်းဖြင့် ဗုံး ၅ လုံးကျဲချတိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် ကျော်မောင်၏ ဒုလက်ထောက် တင့်ဇော် နေရာတွင် သေဆုံးကာ ပျူစောထီးအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပျူစောထီးစခန်းအတွင်းရှိ စခန်းတဲ နှစ်ခုလည်း မီးလောင် ပြာကျသွားကြောင်း သိရှိရသည်။

တော်လှန်ရေးတပ်များက တိုက်ခိုက်သည့် အောင်သာပြည်သူစစ်ရွာမှ ပျူစောထီးများသည် နယ်စဥ်လှည့်မီးရှို့ကြသူများဖြစ်ပြီး တိုက်ခိုက်မှုများကို မြိုင် ပကဖ နှင့် အတူ Black cobra force ၊ Kamma defense force (KMDF)၊ DMG (ဓားမင်းကြီး)၊ Kamma undergroung၊pakokku people defense force ( PPDF)၊ Pakokku. special task force တို့လည်း ပူးပေါင်း ပါဝင် တိုက်ခိုက်ပေးခဲ့ကြောင်း သိရှိရသည်။

အလားတူ မေလ ၂၃ ရက်နေ့ နံနက် ၆ နာရီမှ ၁၁ နာရီအထိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ရှင်မကန်ပျူစောထီးကျေးရွာကို ဒရုန်းဖြင့် ဗုံး ၅၀ လုံးကျဲချတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကိုမူ မြိုင်ပကဖ၊ black cobra force (ကမ္မတပ်ပေါင်းစု) ၊Kamma defense force (KMDF)၊ DMG (ဓားမင်းကြီး)၊ ပေါက် ဗိုလ်တစ္ဆေအဖွဲ့ ၊ ဒေါင်းရင်သွေး၊ People defense force Kamma၊ နယ်စည်းမခြား Freedomဖက်ဒရယ်စစ်ကြောင်း ၁ BLY ပျောက်ကြားတပ်ဖွဲ့၊ Joker ပျောက်ကြားတပ်ဖွဲ့၊ ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *