ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ စစ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ စစ်စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦး သေဆုံး၊ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကိုလည်း ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို ၂ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း Shwe Nyar Myae People Defense Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရေစကြိုမြိုနယ်၊ ဂွေးချိုပျူစောထီးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ပျူစောထီးခေါင်းဆောင် ၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၅ ရက်နေ့ ညနေပိုင်းတွင် သေဆုံးသွားသော ပျူစောထီး ခေါင်းဆောင် နာရေးပြုလုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ထပ်မံကျဲချ တိုက်ခိုက်ရာ နာရေးကိုလာရောက်သည့် မြေဖြူရွာမှ ပျူစောထီး ခေါင်းဆောင် ၁ ဦး ထပ်မံသေဆုံးပြီး ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို မြိုင်ပကဖ၊ ဒေါင်းသွေးနီ၊ PKU N PDF နှင့် မိမိတို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ Shwe Nyar Myae People Defense Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့နယ်ရှိ ဆားတောင်ရဲစခန်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

မေလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဆားတောင် နယ်မြေရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Phoenix -Sagaing ၊ Unicorn Guerrilla Force ၊ Royal Falcon Guerrilla Force ၊ ကြောင်လက်သည်း(ဝက်လက်) ၊ စစ်ကိုင်းမြို့နယ် ပကဖ နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Leave a Comment