မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်းများထံသို့ NUGမှ ဒုတိယအကြိမ် လက်နက်များ ပေးအပ်

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ်(၃)၊ တိုင်းစစ်ဌာန(တနင်္သာရီ) ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း(၁) နှင့် စစ်ကြောင်း(၂) ထံ လက် နက်ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယနေ့မေလ ၂၆ ရက်နေ့ ဒုတိအကြိမ်လက်နက်များ ပေးအပ် အခမ်းအနားတွင် တိုင်းတာဝန်ခံ ရဲဘော် STAR မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး တိုင်းစစ်ဌာန(တနင်္သာရီ)မှ ပြည်သူ့လုံခြုံရေးတာဝန်ခံရဲဘော် ငှက်ခါး ၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) မှ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူး၊ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း(၂) မှ ဒုစစ်ကြောင်းမှူး နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တို့မှ လက်နက် ပေးအပ်ရခြင်း နှင့် စစ်ကြောင်းအလိုက် ဖော်ဆောင်နေသည့် စစ်ဆင်ရေးရည်မှန်းချက်များ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း(၁) နှင့် စစ်ကြောင်း(၂) သည် အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO) တို့ဖြင့် ပူး ပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး NUG၏ စစ်ဆင်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိရာ စစ်ကြောင်း(၁) တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂) ၏ တပ်ခွဲ(၁)၊ တနင်္သာရီမြို့နယ် ပကဖ၊ မြိတ်မြို့နယ် ပကဖ၊ ADF Drone လက်ရုံးတပ်ဖွဲ့တို့ဖြင့် ဖွဲ့စည်းထားပြီး စစ်ကြောင်း (၂) တွင် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂) ၏ တပ်ခွဲ(၂) ၊ တနင်္သာရီမြို့နယ် ပကဖ၊ ကျွန်းစုမြို့နယ် ပကဖ၊ ပုလောမြို့နယ် ပကဖ နှင့် တိုင်းစစ်ဌာန(တနင်္သာရီ) စစ်ဆင်ရေးဌာန ၏ Drone လက်ရုံးတပ်ဖွဲ့ Dragon Squad တို့ဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းများဖြစ်ပြီး မြိတ်ခရိုင်အတွင်း စစ်ဆင်ရေးဖော်ဆောင်နေသည့် စစ်ကြောင်းများ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *