စစ်ကိုင်းခရိုင်အမှတ် ၃ တပ်ရင်းတွင် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့်နှင့် Sniper သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

စစ်ကိုင်းခရိုင်အမှတ် ၃ တပ်ရင်းတွင် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့်နှင့် Sniper သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံကို အလေးပြုခြင်း၊ ကျဆုံးရဲ ဘော်များကို လွမ်းဆွတ်အောက်မေ့ အလေးပြုခြင်း၊ Sniper သင်တန်းသားများ ကျမ်းသစ္စာ ကျိန်ဆိုခြင်း၊ တပ်ရင်းရှိရဲဘော်များအားလုံး သစ္စာရေသောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တပ်ရင်းတာဝန်ရှိပုဂ္ဂိုလ်များက ၃နှစ်တာကာလအတွင်း တပ်ရင်းအနေနှင့် ရင်ဆိုင်ခဲ့ရသော အခက်အခဲများနှင့် အောင်မြင်မှုများ၊ နောင်ရှေ့ဆက်ရမည့်လမ်းစဉ်များနှင့် စစ်အာဏာရှင် စနစ်အမြစ်ပျက်သည်အထိ မဆုတ်မနစ်ဆက်လက်တိုက်ပွဲဝင်သွားကြရန် အမှာစကားများ ပြောကြားခဲ့ကြကြောင်း၊ ထူးချွန်သင် တန်းသားများနှင့် တပ်ရင်းတည်ထောင်ခြင်း ၃နှစ်ပြည့် အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုပေးအပ်ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *