စစ်တပ်​၏ Army Rum အရက်စက်ရုံ ကင်းစခန်း တိုက်ခိုက်ခံရ

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်​၏ အာမီရမ်(Army Rum)အရက်စက်ရုံရှိ ကင်းစခန်းကို ပြင်းအားမြင့်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ ကင်းစောင့်နေသူတစ်ဦး ထိခိုက်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂)မှ တာဝန်ရှိသူက ပြောသည်။

“ကင်းစောင့်တဲ့ စခတစ်‌ကောင် ‌ထိတယ်ကြားတယ်။ မိုင်းသုံးလုံးက မိုးအရမ်းရွာနေလို့ နှစ်လုံးပဲကွဲတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို မေလ ၂၅ ရက် ည ၉ နာရီခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲဘဲ ကျန်ခဲ့သည့် မိုင်းကို စစ်ကောင်စီက ၂၆ ရက် နေ့လယ်တွင် ဖောက်ခွဲလိုက်ကြောင်း ၎င်းက ဆိုသည်။

အာမီရမ် အရက်စက်ရုံသည် စစ်ကောင်စီ၏ အဓိကစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးသည့် အချိန်ကတည်းက စက်ရုံရှေ့၌ ကင်းစခန်းဖွင့်ထားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင်များအနေဖြင့် နေစရိတ် ၊ စားစရိတ် ၊ပစ္စည်းစရိတ် များလိုအပ်နေသောကြောင့် ပြည်သူများဘက်မှ ထောက်ပံ့ပေးရန် အထက်ပါတာဝန်ရှိသူက တောင်းဆိုသည်။

“စကစထောက်တိုင်များကို အရှိန်မပျက် ဆက်လက်တိုက်ခိုက်သွားမည်။ ပြည်သူတွေလည်း မြို့ပြ UG တွေကို ပစ်မထားကြပါနဲ့”ဟု ၎င်းက မေတ္တာရပ်ခံသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *