တိုက်ပွဲဖြစ်ပွားနေသည့် တီးတိန်မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီ မီးရှို့ဟု PDF-Zoland ပြော

တိုက်ပွဲဖြစ်ပွားနေသည့် တီးတိန်မြို့ပေါ်ရပ်ကွက်ကို စစ်ကောင်စီ မီးရှို့ဟု PDF-Zoland ပြော

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လူနေအိမ်များကို မီးရှို့နေကြောင်းPDF – Zoland တာဝန်ရှိသူကပြောသည်။

တီးတိန်မြို့ပေါ်တွင် ရပ်ကွက်လေးခုရှိသည့်အနက် မြို့မရပ်ကွက်မှနေအိမ်အချို့ကို စစ်ကောင်စီမြေပြင်စစ်ကြောင်းများက ယနေ့(မေလ ၂၇ရက်)ညနေတွင် မီးရှို့နေသည်ဟု PDF – Zoland တာဝန်ရှိသူက ပြောသည်။

၎င်းက “မြို့မရပ်ကွက်ကို အဓိက ရှို့နေတာ။ညနေ ၄ နာရီလောက်က စရှို့နေတာ” ဟု ပြောသည်။

တီးတိန်မြို့တွင် မေလ ၂၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်မှစတင်ပြီး စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယနေ့(မေလ ၂၇ရက်)ညနေအထိ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကလေကြောင်းမှဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ တီးတိန်မြို့နယ်ထွေအုပ်ရုံးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း အဆက်အသွယ်မရရှိသေးပေ။

တီးတိန်မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ ဖုန်းလိုင်းများပြတ်တောက်နေပြီး အင်တာနက်လိုင်းသာ ရံဖန်ရံခါ အသုံးပြု၍ရကြောင်း သတင်းရရှိသည်။ ဒေသခံအများအပြားလည်းစစ်ဘေးတိမ်းရှောင်နေကြကြောင်း ချင်းကာကွယ်ရေးရဲဘော်များထံမှသိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *