ကျောက်ပန်းတောင်မြို့ရှိ ကျေးရွာ ခြောက်ရွာမှ စစ်မှုထမ်းမဲပေါက်သူများ မထွက်ပြေးရန် စစ်တပ်က စောင့်ကြည့်နေ

မန္တလေးတိုင်း၊ ကျောက်ပန်တောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် အပတ်စဉ်(၃)အတွက် စစ်မှုထမ်းရန်မဲပေါက်သည့်သူများမထွက်ပြေးရန် စစ်ကောင်စီတပ်က စောင့်ကြည့်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၂၀၂၄ ခုနှစ်၊ မေလ ၂၇ ရက်တွင် ကျောက်ပန်တောင်းမြို့အတွင်းရှိ ကျေးရွာ ခြောက်ရွာမှ လူငယ်များ အပတ်စဉ် ၃တွင် စစ်မှုထမ်းရန် တစ်ရွာလျှင် ငါးယောက်သတ်မှတ်၍ မဲနှိုက်ရွေးချယ်ခဲ့ပြီး မဲပေါက်သူများထွက်ပြေးတိမ်းရှောင်၍ မရအောင် စစ်ကောင်စီက ရွာထိပ်များ၌ ကင်းလှည့်စောင့်ကြည့်နေခြင်းဖြစ်သည်ဟု ကျောက်ပန်းတောင်းမြို့နယ်၊ တောင်အင်တောရွာနေ အမျိုးသားတစ်ဦးက ပြောသည်။

“စစ်မှုထမ်းဖို့ မဲနှိုက်တာက ကျတော်မိဘတွေ၊ သား၊ သမီးတွေ နှိုက်ရတာမဟုတ်ဘူး။ စစ်မှုထမ်းဖို့ သဘောတူလား၊မတူဘူးလား ဘာတခုမမေးဘဲ မေ ၂၇ ရက်မှာ စစ်မှုထမ်းဖို့ မဲပေါက်တဲ့သူတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ပြောတာ” ဟု ကမ္ဘားနီရွာနေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသားတစ်ဦးကပြောသည်။

ကျောက်ပန်းတောင်းမြို့တွင် အပတ်စဉ် (၃)အတွက် စစ်မှုထမ်းရန် တောင်အင်တော၊ ကမ္ဘားနီ၊ မန်ကျီးကုန်း၊ မန်ကျီးချို၊ရှားပင်လှ၊ အင်းကန် ရွာများမှ တစ်ရွာလျှင် ငါးယောက်နှုန်းဖြင့် မဲနှိုက်ရွေးချယ်ခံရခြင်းဖြစ်ပြီး ရွာထိပ်များတွင် စစ်ကောင်စီက တစ်ရွာလျှင် ၁၅ယောက်နှုန်းဖြင့် နေ့၊ ည ကင်းလှည်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

“အပတ်စဉ် ၁နဲ့ ၂ တုန်းက မဲပေါက်တဲ့သူတွေကို ရွာ ဥက္ကဌကနေ တစ်ဆင့်ပြောတယ်။ အခုက စစ်သားတွေ ကိုယ်တိုင် ရွာထဲဝင်ပြောတာ၊ မဲပေါက်တဲ့သူအတော်များများကလည်း ရွာမှာမရှိဘူး။ အခြားမြို့တွေမှာ အလုပ်သွားလုပ်နေကြတာ၊ အဲ့ဒါကို ဆင့်ခေါ်စာနဲ့ခေါ်တယ်။ ရွာထဲက အများစုကလည်း စစ်မှုမထမ်းချင်တော့ ထွက်ပြေးတာတွေရှိခဲ့တယ်။ ဒါကြောင့်လည်း အခု အပတ်စဉ် ၃အတွက် မဲပေါက်တဲ့သူတွေ ထွက်ပြေးမှာစိုးလို့”

“အပတ်စဉ်(၁)(၂) တုံးကဆို မဲပေါက်တဲ့သူတွေကို ရွာဥဣဠ နေတဆင့်ဘဲပြောတာ၊ အခုကစစ်သားတွေကိုယ်တိုင်ရွာထဲဝင်ပြောတာ၊မဲပေါက်တဲ့သူအတော်များကလည်း ရွာမှာမရှိဘူး၊ အခြားမြို့တွေမှာ အလုပ်သွားလုပ်နေကြတာဆိုတော့ ဆင့်ခေါ်စာတွေနဲ့ခေါ်တယ်၊ ရွာထဲမှာရှိတဲ့သူအများကလည်း စစ်မှုမထမ်းချင်တော့ ထွက်ပြေးတာတွေရှိခဲ့တယ်၊ အဲ့တာကြောင့် အခုလည်း အပတ်စဉ်(၃)အတွက်မဲပေါက်တဲ့သူတွေ ထွက်ပြေးမှာစိုးလို့ ရွာထိပ်မှာကင်းစောင့်နေတယ်” ဟု မန်ကျီးကုန်းရွာနေ အဖွားအိုတစ်ဦးကပြောသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်မှုထမ်းရန် မပေါက်သူအများစုသည် ပြည်ပသို့ ထွက်ပြေးတိမ်ရှောင်ကြခြင်းဖြစ်ပြီး၊ အဆိုပါစစ်မှုထမ်းရန် မဲပေါက်သည့်အတွက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့သည့်သူ နှစ်ဦးပင်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ရက်တွင် ပြဌာန်းခဲ့ပြီးနောက် လက်ရှိအချိန်ထိ အပတ်စဉ် ၂ခုအတွက် စစ်သားသစ် ၁၀၀၀၀ကျော်စုဆောင်းနိုင်ပြီဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *