စခ သတင်းရသည့်ဖုန်း မိမိနံပါတ်က ဒလန်ဖြစ်‌ နေသလား

လုံခြုံရေးသဘောမှာမိမိလုံခြုံရေး။ မိမိတပ် လုံခြုံရေး၊ မိမိသတင်းအချက်အလက်လုံခြုံရေး။ မိမိဆက်သွယ်ရေးကွန်ယက်လုံခြုံရေး ဆိုပြီးရှိပါတယ်။ မိမိဆက်သွယ်ရေးကွန်ယက်လုံခြုံရေးနဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံသုံးဖုန်းများ သတိထားဖို့လိုပါတယ်။

ရန်သူ့ထံ အဖမ်းခံရသူထံမှဖြစ်စေ။ မိတ်ဆွေရင်းခြာဆိုပြီးပေးလိုက်သောဖုန်းနံပါတ်မှဖြစ်စေ။ မက်စင်ဂျာဟက်ခံထားရသူနှင့် ပြောမိရာမှဖြစ်စေ စကစကသတင်းရပါတယ်။

ရန်သူဖမ်းဆီးခံရသူ ထံမှရရှိသောဖုန်းမှ အဝင်ခေါ။ ထွက်ခေါ။ ခေါ်ဆိုထားမှုအားလုံး။ ဖုန်းနံပါတ်အမည်များမှတ်သားထားသော နံပါတ်များအား စခ များမှ အဆိုပါနံပါတ်တွေကို အော်ပရေတာပေးပို့ပြီး အသံဖမ်းရယူကြပါတယ်။

ပြောသမျှအသံဖမ်းနိုင်ခြင်း။ ဖုန်းနံပါတ်နှင့်ဖွင့်ထားသော တယ်လီဂရမ်လို ဆက်သွယ်ရေးကွန်ယက်များမှ အချက်အလက်ရယူနိုင်ခြင်း စတာတွေ ကို ဖုန်းအော်‌ပရေတာတွေ နှင့်ချိပ်ဆက်လုပ်ပါတယ်။

ဒီအတွက်မပေါ့သင့်ပါ။ မိမိ နံပါတ် ကို မှတ်သားထားသူ သို့မဟုတ် မိမိနှင့် ဆက်သွယ်ပြောဖူးသူ၏ ဖုန်းရန်သူထံရသွားပါက အသုံးပြုဆဲ နံပါတ်ကို ဖြုတ်ပြီးအခြားနံပါတ်ပြောင်းဖို့ လိုပါတယ်။ ဖုန်းနံပါတ်အားလုံး

အော်ပရေတာနဲ့ချိပ်ပြီးအသံမဖမ်းနိုင်ပါ။ ရန်သူကနံပါတ်ရထားလျှင်အသံဖမ်းဖို့အော်ပရေတာကို ဖိအားပေးစေခိုင်းပါတယ်။

တော်လှန်ရေးသမားသည် ဖုန်းနံပါတ်တစ်ခုထဲကြာရှည်မသုံးဘဲ၊ ပြောင်းလဲသုံးကြရမှာပါ။ အလှူခံ သည့် K pay အကောင့်များ လည်းဘဲ တစ်ခုထဲ ရေရှည်အသုံးမပြုကြဘဲ

မယုံကြည်ရသူအား k pay နံပါတ် မပေးသင့်ပါ ။ ဈေးဆိုင် ဝင်ငွေထွက်ငွေအမြဲ လည်ပတ်သည့် k pay အကောင့်များမှလွဲ၍ အခြားသော အရောင်းအဝယ် ခေါင်းစဉ်အောက်မရှိသူ၊ K pay ငွေလွှဲ လုပ်ငန်းလုပ်ကိုင်နေသူ မဟုတ်လျှင် ယခင်ကထဲက ငွေဝင်,ငွေထွက် ပုံမှန်မရှိပါဘဲ ရုတ်တစ်ရက် ငွေဝင်များလာသည့် အကောင့်မျိုးကို KBZ က အချက်အလက်ယူ၍ စကစ ထံပေးပိုပါတယ်။

ဒီအတွက် အလှူခံရာတွင် k pay အကောင့်တစ်ခုထဲ မူသေထားမသူံးဆွဲသင့်ပါ။ ရန်သူကk payအကောင့်တစ်ခု သူရထားလျှင်အဆိုပါ K pay အကောင့်ကို ချက်ခြင်းမပိတ်ဘဲ။

မည်‌သည့်နေရာကငွေလွှဲလည်းစောင်ကြည့်ပြီးထောက်ပို့ကိုစောင့်ကြည့်ပါတယ်။ ဒီအတွက် K pay သူံးမည်ဆို တစ်ခုထဲမူ သေမသုံးဖို့လိုပါတယ်။

ရန်သူသည် page များမှထောက်ပို့ဟန်ဆောင်နံပါတ်တောင်းတက်ပါတယ်။ ငွေလှူမည် K pay နံပါတ်ပေးပါစသဖြင့် ။

ဒါကြောင့် အလှူခံပေးနေကြသောထောက်ပို့များ , တော်လှန်ရေးpage များကိုင်သည့် admin များသတိထားဖို့လိုပါတယ်။

ရန်သူသည်ငါတို့ကိုဘယ်လိုထောက်လှမ်းမည်လဲ။ ငါသည်ရန်သူဆိုဘယ်လိုသတင်းအချက်အလက် ရယူမည်လဲ ဒီသဘောတွေအမြဲတွေးခေါ်နေကြရဖို့သတိရှိရမှာပါ။

မိမိနံပါတ်သည်ရန်သူ့ထံ အကြောင်းအမျိုးမျိုးဖြင့်ရောက်သွားပါက မိမိနံပါတ်ကို အော်‌ပရေတာနှင့်ဆက်သွယ်ပြီးအသံဖမ်းရယူနေပါလိမ့်မည်။

ဒါကြောင့်မိမိဖုန်းနံပါတ်ကဒလန်မဖြစ်ဖို့ ဆက်သွယ်ရေးအသိသတိရှိကြဖို့လိုကြောင်းတင်ပြလိုက်ရပါတယ်။

မုတ် ဆိတ် ကြီး


Comments

Leave a Reply

Your email address will not be published. Required fields are marked *