စစ်ကိုင်းမြို့၊ ဆားတောင်ရဲစခန်းအပါအဝင် ၂နေရာကို ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်မှ ဆားတောင်နယ်မြေရဲစခန်းနှင့် ကြွယ်ပုံရွာပျူစောထီးစခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၁လုံးချတိုက်ခိုက်ခဲ့ကြောင်း Phoenix-Sagaing အဖွဲ့ က မေလ ၂၉ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့မှဗိုလ်တဦး ဦးဆောင်ပြီးအင်အား ၆၀ နီးပါးရှိသော ကြွယ်ပုံရွာမှပျူစောထီးစခန်းကို မေလ ၂၇ ရက်နေ့ နံနက် ၉နာရီ ၃၄ မိနစ်အချိန်တွင် ဗုံးသီးလေးလုံး၊ နံနက် ၁၁ နာရီအချိန်တွင် ဆားတောင်နယ်မြေရဲစခန်းအား ဗုံးသီးခုနစ်လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

“ ကြွယ်ပုံကျေးရွာထဲက ဒီကောင်တွေ(စစ်ကောင်စီနှင့် ပျူစောထီးများ) တပ်စွဲထားတဲ့ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ” ဟု Phoenix-Sagaing အဖွဲ့ တာဝန်ခံက ပြောသည်။

ဆားတောင်နယ်မြေရဲစခန်းအားတိုက်ခိုက်မှုတွင်စခန်းမှူးနှင့် ရဲတပ်သားများရှိသည့်နေရာနှင့်ကတုတ်ကျင်း၊ဘန်ကာနေရာများကို တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုများကို မသိရှိရသေးပေ။စစ်ကိုင်းမြို့နယ် (ပကဖ)-ဒရုန်းတပ်ဖွဲ့ ၊Young Wolf (LPDF) ၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့ ၊ Royal Falcon Guerrilla Force၊ စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း၊ နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Phoenix-Sagaing အဖွဲ့က ထုတ်ပြန်ထားသည်။

မေလ ၂၇ ရက်နေ့ ညနေကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၁၄) – Ye U PDFက သတင်းထုတ်ပြန်ထားသည်။

သတင်းထုတ်ပြန်ချက်

စစ်ကိုင်းမြို့နယ် ကြွယ်ပုံပျူရွာအား နံနက် (၉:၄၅)အချိန်တွင် Fix Wing Drone ဖြင့် အသီး(၄)လုံးချကာ Tike*ခိုက်- ခဲ့ရာ ထိခိုက်မှု ရှိနိုင်ပြီး စစ်-ခွေးနှင့်ပျူများမှ လ-က်*န-က်*ငယ်များ ဖြင့် ပြန်လည် Pyitခတ်ခဲ့ပါသည်။

နေ့လည် (၁၁:၀၀)နာရီ အချိန်တွင်လည်း ဆားတောင်နယ်မြေ ရဲစခန်းအား Fix Wing Drone ဖြင့် အသီး(၇)လုံးချကာ Tike*ခိုက်-ခဲ့ရာ ထိခိုက်*ပျက်-စီးမှုရှိနိုင်ပါသည်။မစ်ရှင်အတွင်း မိမိတို့ ဘက်မှ ထိခိုက်ပျက်စီးမရှိခဲ့ပါ။

Phoenix -Sagaing/စစ်ကိုင်းမြို့နယ် (ပကဖ)-ဒရုန်းတပ်ဖွဲ့/Young Wolf (LPDF)/ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့/Royal Falcon Guerrilla Force/စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်း/နယ်မြေခံ တော်လှန်ရေး အင်အားစုများ စုပေါင်းကာ ဆောင်ရွက်ခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *