စစ်တပ်နဲ့ ကြံ့ခိုင်ရေးရဲ့ သမိုင်းဝင် အမဲစက် (သို့) ဒီပဲယင်းဖြစ်စဉ် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ “ဒီပဲယင်းအကြမ်းဖက်မှု” ဖြစ်စဉ်ဟာ အခုဆိုရင် နှစ်ပေါင်း ၂၁ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးတင်ဦးတို့ လိုက်ပါလာတဲ့ ယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီး ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအကြမ်းဖက်မှုကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရနဲ့ စစ်တပ်ကမွေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) အဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး လူပေါင်း ၇၀ နီးပါး သေဆုံးခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြန်ပြောပြပါတယ်။

အဲ့ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒီပဲယင်းခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးတာဝန်ကို ယူခဲ့ရတဲ့ ကိုဝဏ္ဏအောင် ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *