မင်းအောင်လှိုင်က တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီး ၃၆ ဦးကို ရာထူးမှအနားပေးခြင်း၊ ရာထူးတိုး အပြောင်းအရွှေ့များ ပြုလုပ်၊ ဗိုလ်ချုပ်တချို့ တရားစွဲဆို ထောင်ချခံရမည်

အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းမှူးများ၊ တိုင်းမှူးများ၊ လက်ရုံးတပ်ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များနှင့် ဗိုလ်မှူးကြီးအများအပြားကို အနားပေးခြင်းနှင့် အပြောင်းအရွှေ့လုပ်များပြုလုပ်ပြီး ဗိုလ်ချုပ်တချို့မှာမူ တရားစွဲထောင်ချခံရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်ထံမှ သိရှိရသည်။

နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်စောသန်းလှိုင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ၎င်း ၏ နေရာတွင် ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်စိုးမင်းကို ခန့်အပ်လိုက်ကြောင်း သိရှိရသည်။ ရာထူးမှ ဖယ်ရှားပြီး အနားပေးခံလိုက်ရသည့် လက်ရုံးတပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ်များမှာ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင်၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး၊ စစ်လက် နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် ၊ သံချပ်ကာနှင့်ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ်တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးအသစ်အဖြစ် အမှတ် ၉၀၉ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး ကိုလည်းကောင်း၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် ပြင် ဦးလွင်မြို့ တပ်မတော်အီလက်ထရောနစ်နှင့်ဆက်သွယ်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲမြင့်နိုင် ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးအသစ် အဖြစ် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ် ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးအသစ်အဖြစ် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် တင်စိုး၊ သံချပ်ကာနှင့် ယန္တရားတပ်ညွှန်ကြားရေးမှူးအသစ် အဖြစ် ဗိုလ်မှူးချုပ် ထူးမြတ်တိုး တို့ကို အသီးသီး ခန့်အပ်ခဲ့ကြောင်း သိရှိရသည်။

“တချို့ဗိုလ်ချုပ်တွေက အဂတိမှုတွေပါတယ်။ အဲဒါ ခုံရုံးတင် ထောင်ချခံရတာတချို့ရှိပါမယ်။ နောက်တစ်ခုကတော့ ဗေဒင်ယတြာကိန်းဂဏန်းအရ အဖြုတ်ခံရတာလည်းရှိတယ်”ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်တွင်းတွင် ရာထူးအပြောင်းအလဲများစွာပြုလုပ်နေပြီး တပ်မ မှူး နှင့် ဒုတပ်မမှူးများ အပတ်စဉ်ကွာခြားချက်များလာနေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ကပြောကြား သည်။

ထို့ပြင် ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးများ၏ ရာထူးအပြောင်းအလဲကိုလည်း စစ်ကောင်စီက လုပ်ဆောင်ခဲ့ပြီး သင်တန်းကျောင်းများမှ နည်းပြများကို စစ်ဗျူဟာမှူး ၊ ဒုတပ်မမှူး ရာထူးများပေးခဲ့ခြင်း ဖြစ်ကြောင်း၊ စုစုပေါင်း ၃၆ ဦးခန့် ရာထူး နေရာအပြောင်းအရွှေ့များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

“အပြောင်းအလဲကတော့ စစ်တပ်ရဲ့ ပုံစံအရ သွေးသစ်လောင်းတယ်ပေါ့နော်။ သွေးသစ် လောင်းတယ်။ တပ်မမှူးနဲ့ ဒုတပ်မမှူးနဲ့ အပတ်စဉ်ကွာခြားချက်တွေ နည်းနည်းများလာတာပေါ့နော်။ အငယ်တွေကို ပြန်ပြီးတော့ သွေးသစ်လောင်းနေတယ် ဗိုလ်ချုပ် Level တွေပေါ့။ တပ်တွင်းမညီမျှမှုတွေ ဖြစ်လာဖို့ များတယ်။ အကြီးကနေ အောက်ကို မညှာမတာ အမိန့်ပေးတာ‌မျိုးတွေပေါ့”ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောဆိုသည်။

အဆိုပါ လုပ်ဆောင်မှုသည် လက်ရှိတပ်မမှူးများကို ‘ပြုတ်စော်နံ’နေပြီဟု မင်းအောင်လှိုင်က သတိပေးလိုက်ခြင်းပင်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ဗိုလ်မှူးကြီးအဆင့် ရာထူး အပြောင်းအလဲများတွင်

– ဗိုလ်မှူးကြီး ရဲ၀င်းအောင် (တပ်မ ၉၉ ) သည် အရှေ့ မြောက်တိုင်း စစ်ဌာနချုပ် လားရှိုး

– ဗိုလ်မှူးကြီး ကိုထက် (စကခ ၁၅ ) သည် အရှေ့အ လယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလန်

– ဗိုလ်မှူးကြီး မျိုးမင်းဦး (တပ်မ ၄၄ ) သည် တြိဂံဒေသတိုင်း စစ်ဌာနချုပ် ကျိုင်းတုံ

– ဗိုလ်မှူးကြီး အောင်ခိုင်၀င်း (စကခ ၈ ) သည် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တောင်ငူ

– ဗိုလ်မှူးကြီး တင်ထွန်းလင်း (စကခ ၁၉) သည် အ နောက်တောင်တိုင်း စစ်ဌာနချုပ် ပုသိမ်သို့ အလွတ်ပြောင်းရွှေ့ခံရ

– ဗိုလ်မှူးကြီး သန့်ဇင်ဦး (မပခ ) သည် ဒုစကခမှူး အ မှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဖယ်ခုံ

– ဗိုလ်မှူးကြီး တင်ထွန်းအောင် (စကခ ၆) သည် နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ် နေပြည်တော်

– ဗိုလ်မှူးကြီး ထင်လင်းအောင် (တပ်မ ၄၄ ) သည် နည်းပြမှူးချုပ် အမှတ်(၂) တပ်မတော်တန်းမြင့်လေ့ ကျင့်ရေးကျောင်း မိုးဆွေ

– ဗိုလ်မှူးကြီး ဇော်၀င်းထွန်း (တပ်မ ၄၄ ) သည် စစ်ဦး စီးဗိုလ်မှူးကြီး စစ်ထောက် အရှေ့မြောက်တိုင်းစစ် ဌာနချုပ် လားရှိုး

– ဗိုလ်မှူးကြီး ကျော်စွာထွန်း (စဗခ ကွမ်လုံ) သည် ဒုတိယ တမာတော တပ်ထိန်းချုပ်

– ဗိုလ်မှူးကြီး ဇော်လင်းထွန်း (ရခမ) သည် ဒုညွှန်မှူး ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ ညွှန်ကြားရေးမှူးရုံး

– ဗိုလ်မှူးကြီး ကျော်မင်းထွန်း (စကခ ၁၉) သည် တမာတော လေ့ကျင့်ရေး အရာရှိချုပ်ရုံး

– ဗိုလ်မှူးကြီး စိုးသူရ (နကတ) သည် ကြည်းတာ၀န် စစ်ရုံးချုပ်

– ဗိုလ်မှူးကြီး မင်းသူရင် (စကခ ၁၇ ) သည် ကြည်းသုေတသန စစ်ရုံးချုပ်

– ဗိုလ်မှူးကြီး ညီလွင်ချို (ဥစတ) သည် အခြေချစစ်ဗျူဟာ (ရွှေကျင် )

– ဗိုလ်မှူးကြီး တင်မောင်ကျော် (နကတ) သည် အခြေချစစ်ဗျူဟာ (ကော့သောင်း)

– ဗိုလ်မှူးကြီး ထွန်းတင် (ဥစတ) သည် အခြေချစစ်ဗျူ ဟာ တန့်ယန်း

– ဗိုလ်မှူးကြီး အောင်သူ၀င်း (ဥစတ) သည် အခြေချစစ်ဗျူဟာ မိုးမိတ်

– ဗိုလ်မှူးကြီး ရဲဟိန်း (ဥစတ) သည် အခြေချစစ်ဗျူဟာ ပူတာအို

– ဗိုလ်မှူးကြီး ကျော်ထင်ငြိမ်း သည် စစ်ဦးစီးတက္ကသိုလ် ကလော

– ဗိုလ်မှူးကြီး ဇော်မင်းထက် (စကခ ၁) သည် စစ်ဦးစီးတက္ကသိုလ် ကလော

– ဗိုလ်မှူးကြီး သန့်ဇော်ထွန်း (ရလခ) သည် စစ်ဦးစီးတက္ကသိုလ် ကလော

– ဗိုလ်မှူးကြီး ဟိန်းထက်နောင် (တသခ) သည် စစ်ဦးစီးတက္ကသိုလ် ကလော

– ဗိုလ်မှူးကြီး နောင်ဇင်ထွန်း (တပခ ) သည် စစ်ဦးစီးတက္ကသိုလ် ကလော

– ဗိုလ်မှူးကြီး ထွန်းထွန်း၀င်း (နတခ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်

– ဗိုလ်မှူးကြီး ကျော်ဇေ၀င်း (စကခ ၇ ) သည် နိုင်ငံညတော်ကာကွယ်ရေး တက္ကသိုလ်

– ဗိုလ်မှူးကြီး သက်ပိုင်ဇော် ( တပ်မ ၅၅ ) သည် နိုင်ငံ တော်ကာကွယ်ရေး တက္ကသိုလ်

– ဗိုလ်မှူးကြီး မင်းသိန်း (စကခ ၂၀ ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်

– ဗိုလ်မှူးကြီး သန်းစိုး (စကခ ၁၀ ) သည် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်

– ဗိုလ်မှူးကြီး ခိုင်ဇော်မြင့် (နကတ) သည် ဒုစကခမှူး အမှတ် (၁၉) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ရေး

– ဗိုလ်မှူးကြီး သက်နိုင်ထူး (ဥစတ) သည် ဒုစကခမှူး အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မိုင်းဖြတ်

– ဗိုလ်မှူးကြီး နိုင်ကိုငြိမ်း (နကတ) သည် ဒုစကခမှူး အ မှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တောင်ကုတ်

– ဗိုလ်မှူးကြီး ဝေလင်းအောင် (ရမခ) သည် ဒုတပ်မမှူး အမှတ်(၉၉) ‌ခြေမြန်တပ်မဌာနချုပ် မိတ္ထီလာ

– ဗိုလ်မှူးကြီး ဇင်မျိုးဦး (နကတ) သည် ဒုတပ်မမှူး အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ် စစ်ကိုင်း

– ဗိုလ်မှူးကြီး စိန်မင်းထွန်း (လကခ) သည် ဒုတပ်မမှူး အမှတ်(၄၄ ) ခြေမြန်တပ်မဌာနချုပ် ကျိုက်ထို တို့သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ရုံးချုပ် ကြည်းစီမံက ဒုတိယဗိုလ်မှူးကြီး ဘုန်းမြင့်သည် အပြောက်းအရွှေ့စာရင်းတွင် ပါဝင်သော် လည်း မည်သည့်နေရာသို့ ပြောင်းရွှေ့ခံရသည်ကို မသိရှိရသေးကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ကပြောကြားသည်။

ဓာတ်ပုံ- နေပြည်တော်တွင် ကျင်းပသည့် စစ်တပ် အခမ်းအနား တက်ရောက်နေသည့် အကြမ်းဖက် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)


Comments

Leave a Reply

Your email address will not be published. Required fields are marked *