မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော စစ်ကြောင်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ ထွက်လာသော အကြမ်း ဖက်စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ မေလ ၂၈ ရက်နေ့ ည ၇ နာရီခန့်အချိန် မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာမှ အင်အား ၆၀ ခန့် ဖြင့်ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဒေသအခေါ် ဘုန်းကြီးကန်တော တိုက် အနီးအရောက် မိုင်းဆွဲခြင်း၊ ၄၀ မမ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ခြင်းတို့ လုပ် ဆောင်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက မိနစ် ၂၀ လောက်ကြာတယ်။ မိုင်းဆွဲပြီးတော့ တိုက်ခိုက်မှုလုပ်လိုက်တာ ခွေး ၂ ကောင် ကျတယ်ပေါ့၊ ကျပြီးတော့ သူတို့ပြန်ဆုတ်တဲ့အခါမှာ တိုက်မိုင်း တစ်လုံး ထပ်ကွဲတယ်။ အဲဒီမှာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရတာပေါ့။ ပြီးတော့ ကန်နီရွာနားမှာ ရှိတဲ့ ဘုန်းကြီးကန်ဆိုတဲ့ တော တိုက်တစ်ချို့ မီးရှို့ ဖျက်ဆီးပြီးတော့ ရွာထဲပြန်ဝင်သွားတာပေါ့။ ကျနော်တို့ရဲဘော်တွေ တိုက်ခိုက်ပြီး တော့ပြန်ဆုတ်တဲ့အချိန်မှာ ကန်နီပျူရွာထဲကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေတော့ ခံခဲ့ရတယ်။ ဒါပေမယ့် ကျနော်တို့ ရဲဘော်တွေ ထိခိုက်မှုတော့ မရှိခဲ့ပါဘူး” ဟု ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော်များက တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်း ဖက်စစ်သား၊ ပျူစောထီးများ တပ်စွဲထားရာ ကန်နီပျူစောထီးကျေးရွာအတွင်းမှ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သော်လည်း ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *